ပြည်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီမှဝါဒဖြန့်နေ

ပြည်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီမှဝါဒဖြန့်နေ

ပဲခူးတိုင်း ပြည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး အလင်းဝင် လာသည်ဆိုကာ ဩဂုတ်လ ၆ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်လာသည်ဆိုသည့်သတင်းမှာ မှားယွင်းနေကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဆိုသည်။

“ ပြည်ခရိုင်က ဘယ် PDF မှ အလင်းမဝင်ပါဘူးခင်ဗျ။ ကျနော်တို့က အလင်းထဲကလူတွေပါ။ စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေပါ။ အရင်က CDM ဝင်ထားတဲ့ ကျောင်းဆရာ ဆရာမတွေ Non CDM ပြန်လုပ်တာပါ။ ဒါကို စကစဘက်က PDF တွေ အလင်းဝင်တယ်ဆိုပြီး ဝါဒဖြန့်နေတာ။ ကျနော်တို့အနေနဲ့ စစ်ကောင်စီ မပြုတ်ကျမချင်း တိုက်ပွဲဝင်သွားမှာပါ” ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ PDF ခြောက်ဦးတွင် အမျိုးသားငါးဦး အမျိုးသမီးတစ်ဦးဖြစ်ကာ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒကစထံ အလင်းဝင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ ရေးသားဖော်ပြထား သည်။

အလင်းဝင်ရောက်သည်ဆိုသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များမဟုတ်ဘဲ CDM ဝန်ထမ်းအချို့နှင့် တပ်တွင်းနီးစပ်သူများကို ဟန်ဆောင်ခိုင်းကာ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးကာ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှပြောသည်။

ယခုနှစ် ဇွန်လမှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အလင်းဝင်ရောက်နေကြောင်း စစ်ကောင်စီမှ ပြောဆိုထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...