ရွှေဝါရောင် ၁၀ နှစ်ပြည့် ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရွှေဝါရောင် ၁၀ နှစ်ပြည့် ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
by -
မဇ္ဈိမ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် မေ့မပစ်သင့်သော တော်လှန်ရေးတစ်ရပ်ဖြစ်သည့်အတွက် ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရန် စီစဉ်နေပြီး ရွှေဝါရောင်တော်လှန်ရေး၏ တောင်းဆိုချက်များသည် ယနေ့အထိ မပြည့်ဝသေးဟု ရွှေဝါရောင်သံဃာတော် ဦးစန္ဒာသီရိက မဇ္ဈိမသို့ မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေသိမ်ဓမ္မသိင်္ဂ ီ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

"ဦးဇင်းတို့ ရွှေဝါရောင်တော်လှန်ရေးက နေ တောင်းဆိုထားတဲ့တောင်းဆိုချက်တွေက အကုန်လုံး အပြည့်အဝ ရထား တာမရှိသေးဘူး။ အဲဒီတော့ ရပ်တည်သွားမှာက   ပြည်သူ့လူထုကိုယ်စား   ရွှေဝါရောင်သံဃာတော်တွေရဲ့ တောင်း ဆိုချက်တွေကို လက်ရှိအစိုးရ တာဝန်ရှိ တဲ့ပုဂ္ဂိုလ်တွေက ဒီအပေါ်မှာ ဆောင်ရွက် ပေးဖို့၊ ဦးဇင်းတို့ သံဃာ အချင်းချင်းကြားမှာ တစ်ခုဖြစ်တာက ဒီရွှေဝါရောင်ပွဲမှာပေါ့လေ ။ တာဝန်ရှိတဲ့လူတွေက လာပြီး တော့ ဦးဇင်းတို့ကို တောင်းပန်မယ်ဆိုရင် ဖြေလျှော့ပေးမလား။ သပိတ်လှန်ပေးမလား ပြသနာရှိတယ်။ အဲဒီတော့ ဦးဇင်း တို့ ဆွေးနွေးပြီးတော့ ဒီမှာညိနှိုင်းတာကတော့ ဘုန်းတော်ကြီးတွေဟာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တောင်းပန်ရင် ကျေအေးပေးရမှာပဲ။ ဒါ ဘုန်းတော် ကြီးတွေ သဘာဝ။ ဘာသာတရားအရ ရော" ဟု ဦးစန္ဒာသီရိက မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနားကို လာမည့် စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လည်ပိုင်း၌ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီးနှင့် ရွှေတိဂုံဘုရား တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးအပြီး ပြဋ္ဌာန်းခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက် သွားရဦးမည်ဖြစ်သည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇေယျက ပြောသည်။

"တစ်ချို့ကလည်း တော်တော်များများက ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ အကျဉ်းထောင်ထဲ ရောက်ကုန်ကြတယ်။ စစ်ကြောရေးစခန်းတွေ ရောက်ကုန်ကြ တယ်။ အဲဒီအနေအထားမှာတင် ၂၀၀၈ အခြေခံဥပဒေ ဖန်တီးချမှတ်နိုင်ဖို့အတွက် သူတို့က နဂိုလ်ကတည်းက စီစဉ်ထား တယ်။ သူတို့ စီစဉ်ထားတဲ့အတိုင်း အခြေ ခံဥပဒေကြီးကို အဲဒီမှာ အသက်သွင်း ပြဋ္ဌာန်းလိုက်ခြင်းဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီ ၂၀၀၈ အခြေခံဥပဒေမပြဋ္ဌာန်းခင် မှာပဲ ကျွန်တော်တို့နိုင်ငံ ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းဒဏ် ခံစားရတယ်" ဟု ဦးဇေယျက ပြောသည်။

အခမ်းအနားတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်းတွင် အခမ်းအနား ပြုလုပ်၍ ရွှေဝါရောင်သံဃာတော်များက ကြေးသွန်းဘုရားကြီးနှင့် ရွှေတိဂုံဘုရားကြီးတွင် စီတန်းလှည့်လည် ပြီး ငြိမ်းချမ်းရေးနှင့် ပြည်သူ့ဆန္ဒပြည့်ဝစေ ရေးဆုတောင်းပွဲများ ပြုလုပ်ကြမည်ဖြစ် သည်။

ထို့ပြင် ၁၀ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကြီးအပြီးတွင် နိုင်ငံတဝှမ်းက ရွှေဝါရောင်ကွန်ယက်များကို ခိုင်မာအောင် ပြန်လည်စုစည်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအစည်းအဝေးကို ရွှေဝါရောင်သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...