NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အာဆီယံကို စစ်ကောင်စီတောင်းဆို

NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အာဆီယံကို စစ်ကောင်စီတောင်းဆို

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် စစ်ကောင်စီက အာဆီယံကို တောင်းဆိုလိုက်သည်။

ထို့ပြင် စစ်ကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံက ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့သည်။

စစ်ကောင်စီ၏ ကန့်ကွက်အကြောင်းကြားစာတွင် အာဆီယံအနေဖြင့် NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

NUG နှင့် PDF တို့သည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု စစ်ကောင်စီက တစ်ဖက်သက် စွပ်စွဲထားပြီး မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိရေး ကူညီရန်အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့်လုပ်ရပ်များကို ရှောင်ရှားရမည်ဟု စစ်ကောင်စီကဆိုသည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့ပြီး မလေးရှား၊ စင်ကာပူ အစရှိသည့် နိုင်ငံများက စစ်ကောင်စီကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။

အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက အကောင်အထည် ဖော်မှုမရှိကြောင်း အာဆီယံကဆိုသည်။

အာဆီယံ၏ အဆိုပါ ထုတ်ပြန်မှုနှင့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဟု အာဆီယံက ရေးသားထားမှုအပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။

(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး နေရာအား ခုံအလွတ်သာ ထားရှိ၍ တက်ရောက်ခွင့်မပြုခဲ့ပေ။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...