နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ (၆)ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ

နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ (၆)ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ

သျှမ်းမြောက် နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၆)ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးတွင် သြဂုတ် ၃ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့်   PDF (မန္တလေး) တို့  သြဂုတ်၅ ရက် ညပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ၃ရက်နေ့ က စစ်ကောင်စီ တပ်ဖွဲ့က အင်အား ၂၀၀ကျော်က ကျနော်တို့ PDF (မန္တလေး) အဖွဲ့လုံခြုံရေးယူထားတဲ့ နေရာကိုဝင်လာတယ်။ အဲ့မှာ စပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ မနေ့ညပိုင်းအထိ ဖြစ်တယ်။ စစ်ကောင်စီဘက် ၆ဦး သေဆုံးပြီး ၃၀ကျော်လောက် ဒဏ်ရာရတယ်” ဟု မန္တလေးတိုင်း PDF တာဝန်ရှိသူ ရဲဘော်မိုးကြိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ  ၆၀ မမ မော်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  PDFဘက်မှ  ပခုံးထမ်း ဗုံးပစ်လောင်ချာ RPG–7 ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လက်ရှိ အချိန်ထိ ရတနာသိင်္ဂီကျေးရွာအနီး မန္တလေးတိုင်း PDF နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေသေးကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ တပ် ယာဥ်တန်းနှင့်ကပ်ပြီးမလာရန် ဝေးဝေးနေပေးရန် လည်း မန္တလေးတိုင်း (PDF) မှ ရဲဘော်မိုးကြိုးက ပြောသည်။

ရတနာသိင်္ဂီကျေးရွာအနီး မန္တေလးတိုင်း PDF နှင့် စစ်ကောင်စီတို့သည် ၄ရက်ဆက်တိုက်ဖြစ်ပွားလာပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...