ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး
ဖယ်ခုံ မှ ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား
ဖယ်ခုံ မှ ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၅ ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဖယ်ခုံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဲ့နေရာက တိုက်ပွဲမရှိဘူး။ စစ်တပ်က တဖက်သတ်ပစ်တာ။ ဖြစ်ချင်တော့ နာရေးအိမ်က အဘိုးအိုကို လက်နက်ကြီးစထိပြီးပွဲချင်းပြီး သေသွားတယ်။ နေ့လည်ပိုင်းက သူ့ရဲ့ အမျိုးသမီးက လူကြီးရောဂါနဲ့ဆုံးသွားတယ်။ တရက်တည်း ၂ယောက်လုံး နာရေးအတူတူ လုပ်လိုက်ရတယ်” ဟု ဖယ်ခုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသည့် အမျိုးသား၏ ဇနီးသည် သြဂုတ် ၅ ရက် နေ့လည်ပိုင်း တွင်လူကြီးရောဂါဖြင့် ဆုံးပါးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

ထို့နေ့တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီဘက်မှ ညချိန်တဖက်သတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ စစ်တပ်က ဒီလို ရမ်းသမ်းပစ်တဲ့အတွက် ဒေသခံတချို့ကတော့ တခြားနေရာ စစ်ရှောင်သွားတယ်။ တချို့ကျတော့ရွာ ထဲမှာရှိသေးတယ်။” ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်မှ လူမဆန် လုပ်ရပ်များကို အချိန်မရွေး ပြုလုပ်‌နေသဖြင့် ပြည်သူများ လုံခြုံရေး အမြဲ သတိရှိကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) က အသိပေးထားသည်။

ဖယ်ခုံမြို့နယ် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ဦးကျော် သေဆုံးကြောင်း သျှမ်းတောင် အမှတ်(၁၀၀၈) တပ်ရင်းက သြဂုတ်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...