ရှမ်​းပြည်​နယ်​​ ကျောက်​မဲခရိုင်​အတွင်​း က​လေး(၂)ဦးတွင်​ H1N1​တွေ့ရှိ

ရှမ်​းပြည်​နယ်​​ ကျောက်​မဲခရိုင်​အတွင်​း က​လေး(၂)ဦးတွင်​ H1N1​တွေ့ရှိ
by -
မျိုးပြည်​့သင်​း
ရှမ်​းပြည်​နယ်​​ကျောက်​မဲခရိုင်​အတွင်​း၌ Seasonal Influenza A(H1N1)pdm09 ​ရောဂါပိုး​အား က​လေးနှစ်​ဦးတွင်​​ သြဂုတ်​လ ၁၃ ရက်​​နေ့က တွေ့ရှိခဲ့သည်​။ တုပ်​​ကွေးလက္ခဏာ​တွေ့ရှိရသည်​့ က​လေးငယ်​များရှိရာ ရှမ်​းပြည်​နယ်​​ (​မြောက်​ပိုင်​း)၊​ကျောက်​မဲခရိုင်​အတွင်​းရှိ ​တော့ဆန်​​ကျေးရွာအုပ်​စု၊ ပါခါး​ကျေးရွာသို့ ​​ကျောက်​မဲခရိုင်​ပြည်​သူ့ကျန်​းမာ​ရေးဦးစီးဌာနမှ ကွင်​းဆင်​းစစ်ဆေးခဲ့သည်​။ ထို့​နောက်​ သံသယ​ရောဂါ​တွေ့ရှိသည်​့က​လေးများထံမှ က​လေးငယ်​နှစ်​ဦး၏ နှာ​ခေါင်​းတို့ဖတ် နမူနာရယူကာ သြဂုတ်​လ(၁၀)ရက်​​နေ့၌ ရန်​ကုန်​အမျိုးသားဓာတ်​ခွဲခန်​းသို့ ပို့​ဆောင်​ခဲ့သည်​။ ရန်​ကုန်​အမျိုးသားဓာတ်​ခွဲခန်​းမှ အဆိုပါက​လေး(၂)ဦးတွင်​ Seasonal Influenza A(H1N1)​pdm09 ​တွေ့ရှိရ​ကြောင်​း သြဂုတ်​(၁၃)ရက်​​နေ့၌ အတည်​ပြုခဲ့သည်​။ ဇူလိုင်လ (၂၁)ရက်နေ့မှ သြဂုတ်​(၁၄)ရက်​​နေ့အထိ H1N1 ပိုးတွေ့လူနာစုစုပေါင်း (၂၃၅) ဦးရှိခဲ့ပြီးတစ်နိုင်ငံလုံး၌ ယနေ့အထိ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ဖြင့် သေဆုံးသူစုစုပေါင်း (၂၃)ဦးရှိသည်။ H1N1​ရောဂါပိုး​တွေ့ရှိနိုင်​သည်​့ လတ်​​တ​လောပြင်​းထန်​အဆုပ်​​ရောင်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါလက္ခဏာ​တွေ့ရှိသူများကို နီးစပ်​သည်​့ ​ဆေးရုံ၊​ဆေးခန်​းများသို့ အမြန်​ဆုံးပို့​ဆောင်​ပြီး အခမဲ့ စစ်​​ဆေးကုသမှုခံယူနိုင်​​ကြောင်​း ပြည်​သူ့ကျန်​းမာ​ရေးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူး ဦသန်​းထွန်​း​အောင်​က ​ပြောသည်​။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...