ရခိုင်ပြည်နယ်အတွက် လိုအပ်ပါက အသုံးစရိတ် ထပ်မံခွင့်ပြုမည်ဟု နယ်စပ်ရေးရာဒုဝန်ကြီး ပြော

ရခိုင်ပြည်နယ်အတွက် လိုအပ်ပါက အသုံးစရိတ် ထပ်မံခွင့်ပြုမည်ဟု နယ်စပ်ရေးရာဒုဝန်ကြီး ပြော
by -
မဇ္ဈိမ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့် ရခိုင်ပြည်နယ်အတွက် လိုအပ်လာပါက ထောက်ပံ့အသုံးစရိတ်မှ ဘဏ္ဍာငွေများ ထပ်မံခွင့်ပြုသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောသည်။

“နောက်တစ်ခါ ဖြစ်ပေါ်လာတဲ့ အခြေအနေများအရလည်း လိုအပ်ချက်များ ရှိပါက ထောက်ပံ့အသုံးစရိတ်မှ ထပ်မံခွင့်ပြုပေးသွားမည်” ဟု ဗိုလ်ချုပ်သန်းထွဋ်က ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဩဂုတ် ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်သန်းထွဋ်က လာရောက်ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ရက်က လွှတ်တော်အမတ်များထံ ဖြန့်ဝေထားသည့် အဆိုပါ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်သည် နယ်စပ်ဒေသဖြစ်၍ လုံခြံုမှုမရှိသည့် ဒေသဖြစ်ခြင်း၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထောက်ပံ့ပေးမှုများသည် အတိုင်းအတာတစ်ခုအထိသာ အကျိုးသက်ရောက်သဖြင့် ယခုထက် ပိုမိုထောက်ပံ့ပေးရန် လိုအပ်သည်ဟု ကော်မတီက အကြံပြုထားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်းပြောကြားရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ထောက်ပံ့ငွေ၊ သီးသန့်ရံပုံငွေနှင့် ငွေလုံးငွေရင်း ခွင့်ပြုငွေ စုစုပေါင်းမှာ ၅၆ဒဿမ ၃၉၇ ဘီလီယံ သုံးစွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေကျပ် ၉ဒဿမ ၄၉၈ ဘီလီယံ ထောက်ပံ့ခဲ့သလို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ရခိုင်ပြည်နယ်၌ လမ်းတံတားလုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၅ဒဿမ ၆၂၅ ဘီလီယံ လျာထားသည်ဟု ဗိုလ်ချုပ်သန်းထွဋ်က ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်သာမက ငြိမ်းချမ်းရေး မရရှိသေးသော အခြားဒေသများကိုလည်း ပိုမိုထောက်ပံ့ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သုံးသပ်အကြံပြုထားသေးသည်။

နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ကမူ “ရခိုင်ပြည်နယ်မှာသာမက ငြိမ်းချမ်းမှု မရရှိသေးသည့်အတွက် ကချင်ပြည်နယ်မှာလည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ငွေကျပ် ၆ဒဿမ ၂၉၂ ဘီလီယံ ကျခံဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၉ဒဿမ ၀၆၃ ဘီလီယံ လျာထားပြီး ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...