မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာအငတ်ခံဆန္ဒပြနေဟု သတင်းထွက်ပေါ်

မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာအငတ်ခံဆန္ဒပြနေဟု သတင်းထွက်ပေါ်

မန္တလေးအိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍၊ အစာအငတ်ခံဆန္ဒပြနေကြကြောင်း ထောင်တွင်းသတင်းရင်း မြစ်များထံမှတစ်ဆင့် သိရသည်။

ပြီးခဲ့သည့်လက သေဒဏ်စီရင်ခြင်းခံံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ဦးဂျင်မီအပါအ၀င် လေးဦး၏ သတင်းကြားရပြီးနောက် ယခုလိုအစာအငတ်ခံဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။

“စစ်အာဏာရှင်တော်လှန်ရေး သွေးမအေးသွားဘူးဆိုတာကို ထောင်ပြင်ပက ပြည်သူတွေကို သိစေချင်လို့ အစာအငတ်ခံသပိတ်မှောက်ကြတာလို့ပြောခိုင်းလိုက်တယ်၊ တချို့တိုက်ပိတ်ခံထားရတာလည်း ရှိတယ်လို့ပြောတယ်” ဟု ထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အစာအငတ်ခံဆန္ဒပြသူများသည် သေဒဏ်ကျအကျဉ်းသားများအား အသက်ချမ်းသာပေးရန်၊ အာဆီယံအဖွဲ့အစည်းက တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရန်နှင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့၏မိသားစုများ သက်သေများနှင့် တွေ့ခွင့်ပေး၍၊ အကျဉ်းသားရပိုင်ခွင့်များအား ထိန်းချုပ်ကန့်သတ်ထားသည်ကို ဖြေလျှော့ပေးရန် စသည့် အချက် သုံးချက်တောင်းဆိုထားသည်။

မန္တလေးအိုးဘိုထောင်တွင် သေဒဏ်ကျခံထားရသူ ၂၀ဦးခန့်ရှိပြီး၊ ၎င်းတို့အား သြဂုတ်လ ၂ ရက်နေ့က အရပ်အမောင်း ကိုယ်အလေးချိန် လည်ပင်းဆိုဒ်၊ ဆီးချိုသွေးချို ရှိ၊ မရှိ လာရောက်တိုင်းတာစစ်ဆေးသွားကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...