မင်းတပ်တွင် CDF များလက်နက်ချဖို့ပြောပေးရန် စကစမှ ပြည်သူများကိုစည်းရုံး

မင်းတပ်တွင် CDF များလက်နက်ချဖို့ပြောပေးရန် စကစမှ ပြည်သူများကိုစည်းရုံး
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ပြည်သူ့ဆေးရုံဝန်းအတွင်း တပ်စွဲနေရာယူထားစဉ်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ပြည်သူ့ဆေးရုံဝန်းအတွင်း တပ်စွဲနေရာယူထားစဉ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် CDF များလက်နက်ချဖို့ပြောပေးရန် မြို့ပေါ်ရှိပြည်သူများကို စစ်ကောင်စီမှ နည်းမျိုးစုံအသုံးပြုပြီး စည်းရုံးဟောပြောနေကြောင်း ဒေသခံများကဆိုသည်။

ဩဂုတ်လ ၂ ရက်၊ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့များက မင်းတပ်မြို့၊ မြို့မ ဘောလုံးကွင်း အနီးရှိ RC ဘုရားကျောင်းဝန်းအတွင်းမှ အဆောက်အဦးတစ်ခုတွင် ဘဝသစ်ရပ်ကွက်နှင့် အရှေ့ပြင် ရပ်ကွက်တို့မှ ပြည်သူများအား စည်းရုံးဟောပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲတွင် '' CDF များ လက်နက်ချအလင်းဝင်ရန် ပြည်သူများမှစည်းရုံးပေးကြရန်ပြောဆို ပြီး ဟောပြောပွဲလာရောက်သူများကို ခြင်ထောင်တစ်ထည်စီ ပေးဝေကြောင်း '' ဒေသခံမှ ပြောသည်။

ထို့အပြင် မိမိနေအိမ်တွင် သူစိမ်းဧည့်သည်များလက်ခံထားပါက ဖမ်းဆီးခံရမည်ဟုလည်း စစ်ကောင်စီ တပ်မှ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က မင်းတပ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ငါးနှစ် အောက် ကလေးငယ်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် အခမ်းအနားပြုလုပ်ကာ ဆေးမထိုးမီ ချင်း-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များဝေငှခဲ့ကြသေးသည်။

အဆိုပါ လက်ကမ်းစာစောင်များကို စစ်ကောင်စီအဖွဲ့နှင့်အတူ မြို့မိမြို့ဖများ၊ ဘာသာရေး ဆရာတော် အချို့မှ ဝေငှခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

စာစောင်ထဲတွင် NUG နှင့် CRPH အဖွဲ့ကို အကြမ်းဖက်များအဖြစ်ပုံဖော်ထားပြီး လက်နက်အပ်နှံကာ ပြည်သူ့ဘဝကိုပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ရေးသားထား သည် ဟုလည်း ဒေသခံများထံမှ သိရသည်။

July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...