မူဆယ်မြို့လယ် မီးပွိုင့်အနီး ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ

မူဆယ်မြို့လယ် မီးပွိုင့်အနီး ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ
ပစ်ခတ်ခံရသည့် ပြည်သူ့စစ်
ပစ်ခတ်ခံရသည့် ပြည်သူ့စစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့လယ် အမှတ် ၁ ဈေးမီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ် ၂ ရက် ၁၁ နာရီဝန်းကျင်ခန့် ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ ဦးသည် ဈေးမီးပွိုင့်အနီး ရပ်နေချိန်တွင် ဆိုင်ကယ် စီးလာသည့် သူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်းသိရသည်။

“ဈေးနားရောက်ခါနီး မီးပွိုင့်နားမှာပစ်ခတ်ရတာ။ အဲ့နှစ်ယောက်က ပြည်သူ့စစ်ပဲ။ သူတို့ဘာလာလုပ်လည်းတော့ မသိဘူး။ သူတို့ကားရပ်နေတဲ့ချိန်မှာ ဆိုင်ကယ်စီးလာတဲ့သူက သေနတ်နဲ့ပစ်သွားလိုက်တာ။ နှစ်ယောက်လုံးထိခိုက်ဒဏ်ရာရတယ်” ဟု မူဆယ်မြို့ မျက်မြင်တွေ့ခဲ့သည့် အသက် (၃၅) နှစ် အမျိုးသားက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် ထိုပြည်သူ့စစ်နှစ်ဦး၏ လည်ချောင်း နှင့် ပါးစပ်တွင် ထိခိုက်သွားကြောင်းသိရသည်။

“သေတာတော့ မကြားသေးဘူး။ ဒဏ်ရာကတော့ လည်ချောင်း နဲ့ ပါးစပ်နား ထိသွားတယ်လို့ပြောတယ်။ ခနနေ သူများဆေးရုံခေါ်သွားမယ်ထင်တယ်” ဟု အထက်ပါ မျက်မြင်တွေ့သူက ပြောသည်။

အလားတူ ယမန်နေ့ သြဂုတ် (၁) ရက်နေ့မှာ ထို မီးပွိုင့် အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ ပြည်သူ့စစ်အပါအဝင် ယာဥ်ထိန်းရဲ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...