မီဇိုရမ်ပြည်နယ်တွင် ၃ ရက်အတွင်း ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်တွင် ၃ ရက်အတွင်း ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သည့် ၃ ရက်အတွင်းမှာ ရူပီးသိန်း ၃၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၈ ဦးထံမှ ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ပြည်နယ် မူးယစ်တိုက်ဖျက်ရေးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် စနေနေ့ ဇူလိုင် ၃၀ ရက်နေ့က ကျန်ဖိုင်းခရိုင် Hnahlan ကျေးရွာတွင် ရူပီး ၆ သိန်းခန့်တန်ဖိုးရှိသော ဘိန်းဖြူ ၅၀၀ ဂရမ်ကို မြန်မာနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း Mizoram News သတင်းတွင်ဖော်ပြသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မာမစ်ခရိုင် Dapchhuah ကျေးရွာတွင် ရူပီး ၂၃ ဒသမ ၄ သိန်း ကျော်တန်ဖိုးရှိသော ဘိန်းဖြူ ၂.၈၅ ကီလိုဂရမ်ကို တြိပူရပြည်နယ်သား သုံးဦးနှင့် အာသံပြည်နယ်သား နှစ်ဦးထံမှ ဖမ်းဆီးခဲ့ကြပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အလားတူ ဇူလိုင် ၂၇ ရက်နေ့ကလည်း ရူပီး ၁ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၅၄ ဂရမ်ကို အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦးထံမှ ဖမ်ဆီးရမိခဲ့ပြီး ၎င်းတို့အားလုံး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အက်ဥပဒေ 1985 ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း Mizoram News သတင်းတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းဖြူ) ဖမ်းဆီးမှု မကြာခဏရှိခဲ့သည်။

ဘိန်းဖြူအများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများ ပါဝင်လေ့ရှိကြသည်။

ထို့အကြောင့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုရန် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ခဲ့သည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...