ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ထားဝယ်-ကံပေါက် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲခံရ

ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ထားဝယ်-ကံပေါက် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲခံရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဖွားရှင်မတောင် အနီးတွင်ရှိသည့် PTTEP ကုမ္ပဏီပိုင် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းကို  ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ဖောက်ခွဲခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းသည် PTTEP ကုမ္ပဏီပိုင် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွယ်ထားသည့် ပိုက်လိုင်း ဖြစ်ကြောင်းလည်း သိရသည်။

ကံပေါက်ဒေသခံ တစ်ဦးက“သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲခံ ရတယ်လို့တော့ ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး ဖြစ်တယ်”ဟု ပြော သည်။

လက်ရှိတွင် ဖောက်ခွဲခံရသည့်ဟု သတင်းထွက်ပေါ်နေသည့် ယင်းပိုက်လိုင်းအနီးသို့ စစ်ကောင်စီတပ်ဖွဲ့က လာရောက် စစ်ဆေးနေပြီး လုံခြုံရေးများလည်း ချထားကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရသည်။

အဆိုပါ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းကို လက်ရှိအချိန်အထိ မည်သည့် အဖွဲ့က ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အနီးနားရှိ ရွာများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံ ရှာဖွေ စစ်ဆေးမှုများလည်း ပြုလုပ်နေသည်။

ထိုအပြင် ဖောက်ခွဲမှု၌ လူထိခိုက်မှု မရှိ၍ ဓာတ်ငွေ့ ပိုက်လိုင်းကို ကုမ္ပဏီဝန်ထမ်းများက လာရောက် ပြုပြင်နေပြီး စစ်ကောင်စီတပ်က အင်အား အများအပြား လုံခြုံရေး ယူပေး ထားကြောင်း သိရသည်။

July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...