စားအုန်းဆီတစ်ပိဿာလျှင် ၃၅၂၅ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည် ဟုဆို

စားအုန်းဆီတစ်ပိဿာလျှင် ၃၅၂၅ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည် ဟုဆို

စားအုန်းဆီ တစ်ပိဿာလျှင် ၃၅၂၅ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင် ရောင်းချပါက အရေးယူမည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီက ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၃၅၂၅ ကျပ် သတ်မှတ်ထားပြီး ၎င်း စျေးနှုန်းထက် စျေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည်ဟုမှ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင် သတင်းစာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သြဂုတ်လ ၁ ရက်မှ ၇ ရက်နေ့အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၅၂၅ ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုထားသည်။

“ ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေး ယူ မည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ဈေးနှုန်းသတ်မှတ်ထားသော်လည်း လက်ရှိပြင်ပတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၅၀၀ ကျော်ဖြင့် ရောင်းချနေသည်ဟု စားသုံးသူများထံမှ သိရသည်။

“ ဘယ်လိုသတ်မှတ်တယ်တော့ မသိဘူး။ အပြင်မှာ စားအုန်းဆီ တစ်ပိဿာ ၈၅၀၀ ကျော်တယ်။ တခြား ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီ၊ ပဲဆီတွေဈေး အမှီလိုက်နေတယ်။ ဈေးတင်ပြီးရောင်းလို့ အရေးယူမယ် ဆိုရင် ကျွန်မတို့ကပိုဝမ်းသာဦးမယ်။ ဒါပေမယ့် တကယ်ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ် မထင် ဘူး” ဟု ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါကော်မတီသည် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ တွင် ဖြစ်ပေါ်နေသော FOB စျေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ အခြေခံလက်ကားရည် ညွှန်းစျေးနှုန်းများ ထုတ်ပြန်ပေးနေကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...