ဖမ်းဆီးထားသည့် နိုင်ငံသားကို အမြန် ပြန်လွှတ်ပေးရန် ဂျပန်သံရုံး တောင်းဆို

ဖမ်းဆီးထားသည့် နိုင်ငံသားကို အမြန် ပြန်လွှတ်ပေးရန် ဂျပန်သံရုံး တောင်းဆို

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲတစ်ရပ်အား ဗီဒီယိုရိုက်သည့် ဂျပန်နိုင်ငံသား တစ်ဦးကို အာဏာပိုင်များက ဇူလိုင် ၃၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

“မြန်မာနိုင်ငံက ဂျပန်သံရုံးအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံသားကို ဖြစ်နိုင်သမျှ မြန်မြန် ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို ‌တောင်းဆိုထားပါတယ်”ဟု ဩဂုတ် ၁ ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ကက်ဘိနက်အတွင်းဝန် ဒုတိယအကြီးအကဲ ဆိုင်ဂျီ ကီဟာရာက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ သတင်းအချက်အလက်တွေ ရနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်.

အဆိုပါ ဂျပန်နိုင်ငံသားသည် ရန်ကုန်၌ ဆန္ဒပြသူများကို ဗီဒီယို ရိုက်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကီဟာရာက ပြောသည်။

“ပြည်ပရောက် ဂျပန်နိုင်ငံသားတွေကို ကာကွယ်ပေးရမယ့် ကျွန်တော်တို့ရဲ့ တာဝန်အရ အခု ဖမ်းခံထားရတဲ့သူရဲ့ မိသားစုတွေနဲ့ ဆက်သွယ်တာ အပါအဝင် ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေကို ကျွန်တော်တို့ ပေးနေပါတယ်”ဟု သတင်းစာရှင်းလင်းပွဲ၌ ကီဟာရာက ဆိုသည်။ “ဒီအရေးကိစ္စကို သင့်တော်သလို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖမ်းဆီးထားသူကို ရဲစခန်းတစ်ခု၌ စစ်ဆေးမေးမြန်းနေကြောင်းလည်း သံရုံးအရ သိရသည်။

သံရုံးတာဝန်ရှိသူများက ၎င်း၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မြန်မာမီဒီယာများတွင် ၎င်းသည် မှတ်တမ်းဗီဒီယို ရိုက်ကူးသူ တိုရူ ကူဘိုတာဆိုသူဖြစ်ကြောင်း သတင်းဖော်ပြသည်။

၎င်းအား လူကိုယ်တိုင် တွေ့ရရေးအတွက် ခွင့်ပြုရန် သံရုံးကနေတစ်ဆင့် မေတ္တာရပ်ခံထားပြီး မြန်မာအာဏာပိုင်များထံမှ တုံ့ပြန်မှုကို ဂျပန်အစိုးရ တာဝန်ရှိသူများ စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရင်းမြစ်အရ သိရသည်။

သံရုံးတာဝန်ရှိသူများက ၎င်း၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသောလည်း မြန်မာမီဒီယာများတွင် ၎င်းသည် မှတ်တမ်းဗီဒီယို ရိုက်ကူးသူ တိုရူ ကူဘိုတာဆိုသူဖြစ်ကြောင်း သတင်းဖော်ပြသည်။

၎င်းအား လူကိုယ်တိုင် တွေ့ရရေးအတွက် ခွင့်ပြုရန် သံရုံးကနေတစ်ဆင့် မေတ္တာရပ်ခံထားပြီး မြန်မာအာဏာပိုင်များထံမှ တုံ့ပြန်မှုကို ဂျပန်အစိုးရ တာဝန်ရှိသူများ စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရင်းမြစ်အရ သိရသည်။

July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...