စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါ်မြို့နယ်မှ ဇိုတုန်နယ်ဘက်သို့ စစ်ကြောင်းထိုးလာ၊ ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားဟုဆို

စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါ်မြို့နယ်မှ ဇိုတုန်နယ်ဘက်သို့ စစ်ကြောင်းထိုးလာ၊ ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားဟုဆို

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကနေ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စစ်ကြောင်းထိုးလာနေပြီး ရွာသား အယောက် ၃၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ကြောင်းမှာ ဇိုတုန်နယ်မြေ ယုံနက်ကျေးရွာမှ တီလောဘက်သို့ ဦးတည်ချီတက်ကြပြီး နောက်တစ်ကြောင်းမှာ ဂန့်ဂေါနှင့် ဇိုတုန်နယ်မြေအစပ် ဇီးပြား၊ အန့်တာနှင့် ရမ်စီးကျေးရွာဘက်တစ်လျှောက်ကို ဝင်ရောက်စစ်ကြောင်းထိုးလာကာ ရမ်စီးကျေးရွာမှ ရွာသားအယောက် ၃၀ ဝန်းကျင်ခန့်ကိုလည်းဖမ်းဆီးထားသည်ဟု Supreme Council CDF-Zotung မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်အား ၇၀၊ ၈၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ်၊ ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့ကတော့ ရမ်စီး ကျေးရွာနားတဝိုက်ကို ရှင်းလင်းရေး လုပ်ပြီးမှ ရမ်စီးရွာသားတွေကိုဖမ်းတယ်၊ နောက်တစ်ဖွဲ့ကတော့ တီလောဘက်ကိုတောက်လျှောက်တက်လာတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက် ဇီးပြားနှင့် အန့်တာကျေးရွာကြားတွင်လည်း အမည်မသိ အရပ်သား ၂ ဦး သေဆုံးနေသည်ကို ရွာသားများတွေ့ရှိခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ရမ်စီးကျးရွာအနီးတဝိုက်တွင် လှုပ်ရှားနေကြပြီး စစ်ကြောင်းတစ်ကြောင်းမှာ တီလောကနေ ရေဇွာ-မတူပီဘက်ကို ဦးတည်လာသည်ဟု ယူဆရကြောင်း Supreme Council CDF-Zotung မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရမ်စီးရွာသားတွေကိုဖမ်းထားတဲ့ စစ်ကြောင်းတစ်ကြောင်းက အဲဒီအနီးနားပတ်ဝင်းကျင်မှာပဲ တောမှာနေပြီးမှ ရှင်းလင်းရေးလုပ်တာ၊ ပြီးတော့ တီလောဖက်သွားတဲ့ဟာကတော့ မတူပီကို ဦးတည်မလား ရေဇွာကို ဦးတည်မလား မတူပီနဲ့ ရေဇွာကြား အလည်တည့်တည့်မှာ တီလောဆိုတာရှိတယ် မတူပီ-ရေဇွာလမ်းကြောင်းကို ထိန်းဖို့ ရှင်းလင်းဖို့ ဖြစ်နိုင်တယ်" ၎င်းကပြောသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း အဆိုပါဒေသဘက်သို့ ခရီးသွားလာခြင်းများမလုပ်ကြရန် Supreme Council CDF-Zotung သတိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်ဇူလိုင်လ ၂၀ ရက်နေ့ခန့်ကတည်းက ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် မြေပြင်အခြေအနေ အတိအကျသိရှိနိုင်ရန် အခက်အခဲဖြစ်နေသည်ဟုလည်း သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...