စစ်ကောင်စီ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား ပြန်လည်လွတ်မြောက်ရေး နှစ်နိုင်ငံသံတမန်နည်းလမ်းအရ ညှိနှိုင်းနေ

စစ်ကောင်စီ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား ပြန်လည်လွတ်မြောက်ရေး နှစ်နိုင်ငံသံတမန်နည်းလမ်းအရ ညှိနှိုင်းနေ
Photo Credit 岡口 巽
Photo Credit 岡口 巽

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၊ ၁၉ ရပ်ကွက်၊ မြိတ်လမ်းတွင် ဇူလိုင်(၃၀)ရက် ညနေ ၃နာရီက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခုမှအပြန် ဖမ်းဆီးခံခဲ့ရသော ဂျပန်နိုင်ငံသား ပြန်လည်လွတ်မြောက်ရေးအတွက် နှစ်နိုင်ငံသံတမန်နည်းလမ်းအရ ညှိနှိုင်းနေသည်ဟု ကြားသိရသည်။

ယင်းအတွက် ဂျပန်အစိုးရက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းနေသည်ဟု ကြားသိရပြီး၊ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးဟု ဂျပန်နိုင်ငံအစိုးရနှင့် ချိတ်ဆက်မှုရှိသည့် သတင်းအရင်းအမြစ်တစ်ဦးက ၎င်းသိရှိထားသည်ကို တဆင့်ပြန်လည်ပြောကြားသည်။

ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအား ကနဦးတွင် ယင်းမြို့နယ်ရဲစခန်းသို့ခေါ်ဆောင်စစ်ဆေးပြီးနောက်ပိုင်း လက်ရှိတွင်မည်သည့်နေရာသို့ပို့ဆောင်ထားသည်ကို မဇ္စျိမက အတည်ပြု၍ မရသေးပေ။

ဇူလိုင်(၃၀)ရက်နေ့က  ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)တွင် အမှန်တရားကို အမှားတစ်ရာက ဖမ်းထားသည်ဟူသော ဆန္ဒပြပွဲတစ်ခုသို့သွားရောက်ပြီးအပြန် စစ်ကောင်စီအရပ်ဝတ်များက ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသား၏ အမည်မှာ တိုရူကုဘိုတ(Toru Kubota) ဆိုသူဖြစ်ပြီး၊ ၎င်းသည် စစ်ဘေးရှောင်များ၏ လူမှုဘဝအခြေအနေများနှင့် အခြားဖြစ်ရပ်မှန်များကို မှတ်တမ်းဗီဒီယို ရိုက်ကူးနေသည့်သူတစ်ဦးလည်းဖြစ်သည်ဟုဆိုသည်။

ဖမ်းဆီးခံရချိန်တွင် ၎င်းလွယ်ထားသည့်အိတ်အတွင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်သက်ဆိုင်သည့် ဗီနိုင်းတစ်ခုနှင့် ကင်မရာတစ်လုံးတွေ့ရှိရသည်ဟု သိရသည်။

Most read this week

August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...