“မြန်မာနိုင်ငံအတွက် အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့သုံးဖွဲ့ ရုရှားမှစေလွှတ်ပေးမည်” ဆိုတဲ့သတင်းအမှား

“မြန်မာနိုင်ငံအတွက် အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့သုံးဖွဲ့ ရုရှားမှစေလွှတ်ပေးမည်” ဆိုတဲ့သတင်းအမှား

Ko Thway, Thway Thik Ko, Thway Thik Ko, စစ်အောင်, Phyoe Gyi, Phyo Lay စတဲ့အကောင့်တွေကနေပြီး  “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီး ရုရှားနိုင်ငံကစစ်ဘက်ဆိုင်ရာအကူအညီတွေနဲ့ အခြားလူသားချင်းစာနာမှု အကူအညီတော်တော်များများပေးခဲ့ပါတယ်။”

ဒါအပြင် “ထူးခြားမှုတစ်ခုကတော့ အကြမ်းဖက်ဖြေရှင်းရေးလက်နက်ငယ် သိန်းဂဏန်းခန့်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အခြားလူသိနည်းသေးသော အကူအညီတစ်ခုကတော့ အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့ သုံးဖွဲ့စေလွှတ်ပေးပြီး အကြမ်းဖက်မှုများကိုကူညီနိမ်နင်းပေးမယ့်အစီစဉ်ဖြစ်ပါတယ်။”

ဆက်လက်ပြီး “ဒီအစီစဉ်က နိုင်ငံရေးဆူပူမှုတွေဖြစ်နေပြီး သွေးထွက်သံယိုဖြစ်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအတွက် ဘောလန်ဒီယာတပ်သားတွေစေလွှတ်ပေးတာဖြစ်တယ်။ မြန်မာနိုင်ငံတွင်သာမက အခြားအာဆီယံနိုင်ငံတွေမှာလဲ အလားတူဖြစ်စဉ်တွေဖြစ်လာရင် ယခုလိုကူညီသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကပြောကြားခဲ့ပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Sergey Lavrov ရဲ့ပြောကြားချက်များကို ရှာဖွေကြည့်တဲ့အခါ ဇူလိုင်လ (၂၅) ရက်နေ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ် သံတမန်များအား ပြောကြားသည့်မိန့်ခွန်းမှာ အနောက်တိုင်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအကြောင်းမပါဝင်ပါဘူး။

Link>>> https://fb.watch/ewL2Ti3DpB/

ဒါအပြင် တခြားသတင်းဌာနတွေမှာလည်းဖော်ပြထားတာမျိုးမရှိပါဘူး။ စာဖတ်သူများအနေနဲ့ သတင်းတုသတင်းအမှားများကိုသတိထားဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...