နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ကျောက်ပန္ဒူရွာတွင် ကျပ်သန်း ၆၇၀ အကုန်အကျခံ တည်ဆောက်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို သွားရောက်ကြည့်ရှု

နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ကျောက်ပန္ဒူရွာတွင် ကျပ်သန်း ၆၇၀ အကုန်အကျခံ တည်ဆောက်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို သွားရောက်ကြည့်ရှု
by -
နိရဥ္စရာ
 ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးရဲအောင်နှင့် လူမှုရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး တို့သည် ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် အတူ (သြဂုတ် ၁၃ ရက်နေ့) နေ့လယ်က စစ်တွေမြို့မှ တစ်ဆင့်မောင်တောတောင်ပိုင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ကျောက်ပန္ဒူ ကျေးရွာတွင် ကျပ်သန်း ၆၇၀ အကုန်အကျခံ တည်ဆောက် နေသည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်ဟု သိရသည်။
 
ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ စီမံချက်အရ မောင်တောမြို့နယ် တောင်ပိုင်း သာယာလှပသော ပင်လယ် ကမ်းခြေတည်ရှိရာ ကျောက်ပန္ဒူကျေးရွာတွင် တန်းဖိုးနည်း အိမ်ရာ အလုံး ၁၀၀ ကို ကျပ်သန်း ၆၇၀ အသုံးပြု၍ အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း သိရသည်။
 
အဆိုပါစီမံကိန်းနှင့် ကျောက်ပန္ဒူကျေးရွာတွင် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍများအတွက် လိုအပ်ချက်များသိရှိနိုင်ရန် ၎င်းပြည်ထောင်စု ၀န်ကြီး အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာသား များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေမှ အသုံးပြု၍ အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖေါ်ပြထားသည်။
 
ကျောက်ပန္ဒူကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ အဓိက တောင်းဆိုတာက လယ်ယာမြေ ကိစ္စပါ။ ကျွန်တော်တို့ရွာ အနီးဝန်ကျင်က လယ်မြေတွေဟာ မြေအောက်မှာ ကျောက်တွေ ရှိနေပြီး အနိမ့်အမြင့် ဖြစ်နေတာတွေကြောင့် ထွန်ယက်စိုက်ပျိုး ရာမှာ အလွန်အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် ဒီလိုမြေမျိုးမှာ ထွန်ယက်စိုက်ပျိုးနိုင်ဖို့ ဆိုရင် ခေတ်မှီ ထွန်စက်တွေ လိုအပ်နေတယ်လို့ တင်ပြကြပါတယ်။ ဝန်ကြီးတွေကတော့ ထောက်ပံ့ပေးမယ်လို့ ပြောသွားပါတယ်။ လုံခြံုရေး အနေနဲ့ကတော ကျွန်တော်တို့ တင်ပြပေမယ့် သူတို့က ဘာမှမစိုးရိမ်ကြနဲ့။ မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စများအားလုံးကို အေးချမ်းလာအောင် ဆောင်ရွက် ထားပါတယ်လို့ ပြောသွားပါတယ်” ဟု နိရဥ္စရာသို့ ပြောဆိုသည်။
 
ပြည်ထောင်စု ဝန်ကြီးများနှင့် အဖွဲ့သည် ကျောက်ပန္ဒူရွာတွင် အသစ်ဆောက်လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို အဝေးမှ ကြည့်ရှုခဲ့ကြသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
 
ကျောက်ပန္ဒူရွာတွက် ရခိုင်အိမ်ထောင်စု (၇၀) နှင့် လူဦးရေ(၄၂၀)ရှိကြောင်းသိရသည်။
 
ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာသူ ကျေးရွာ သားများကို တွေ့ဆုံအားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရွာသူ ရွာသားများအတွက် အက်ဖ်အမ်ရေဒီယို အလုံး ၂၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...