သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကို စစ်ကောင်စီက ပုဒ်မ ၁၃၀ (က) အမှုထပ်တိုး

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကို စစ်ကောင်စီက ပုဒ်မ ၁၃၀ (က) အမှုထပ်တိုး
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲ အနိုင်အထက်ပြုကျင့်သည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၂၆ ရက်တွင် ဒေါက်တာလင်းထွဋ်ကို အမှုတိုး တရားစွဲလိုက်ကြောင်း သိရသည်။

“ဟုတ်တယ်။ ကျနော်တို့ အဲ့လိုကြားတယ်။ သူ့ကို အမှုအသစ်နဲ့ ထပ်တိုးပြီးတော့ တရားစွဲလိုက်တာ။ ဘာကြောင့် အမှုထပ်တိုးလဲတော့မသိဘူး။ ရွေးကောက်ပွဲကို အနိုင်အထက်လုပ်လို့ဆိုပြီးတော့ပြောတယ်” ဟု တောင်ကြီးမြို့နယ်တွင်း နိုင်ငံရေးတက်ကြွသူတစ်ဦးကပြောသည်။

ထို့ပြင် ဒေါက်တာလင်းထွဋ်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှု (၄) မှု အတွက် တစ်ခုက ထောင်ဒဏ် (၄) နှစ် စီချမှတ်ထားပြီး စုစုပေါင်း (၁၆) နှစ်ချမှတ်ခံထားရသည်။

လက်ရှိမှာ အမှု ၁၃၀ (က) အတွက် ဒေါက်တာလင်းထွဋ်ကို ထောင်ဒဏ်မည်မျှထပ်တိုးချမှတ်ထားကြောင်းကို မသိရှိရသေးပေ။

သို့သော် အဆိုပါ အမှု ၁၃၀ (က)ကို ထောင်ဒဏ် ၃ နှစ် နှင့် ငွေကြေးဒဏ် သတ်မှတ်နိုင်ကြောင်းသိရသည်။

“ ဒီပုဒ်မက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ထောင်ဒဏ်က ၃ နှစ်ဖြစ်စေ၊ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ၂ ခုလုံးကို သတ်မှတ်ပြီးတော့ ပြစ်ဒဏ်ကိုချမှတ်နိုင်ပါတယ်” ဟု တောင်ကြီးမြို့ ဥပဒေပညာရှင်တစ်ဦးက ပြောသည်။

ဒေါက်တာလင်းထွဋ်သည် NLD ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၂ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူတစ်ဦးဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက် က ဖမ်းဆီးခံရပြီး ပြန်လွှတ်လာကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြန်လည်ဖမ်းဆီးခံရကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...