နေရာသစ်ရွှေ့ပြောင်းသည့် ရိုဟင်ဂျာ ၅၀ နီးပါး ဧရာဝတီတိုင်းတွင် ဖမ်းခံရ

နေရာသစ်ရွှေ့ပြောင်းသည့် ရိုဟင်ဂျာ ၅၀ နီးပါး ဧရာဝတီတိုင်းတွင် ဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အနီး အနောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်မှ ကင်းလှည့်နေစဉ် ရိုဟင်ဂျာ ၄၈ ဦးကို တင်ဆောင်လာသည့် စက်လှေတစ်စီးကို တွေ့ရှိပြီး ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၄၈ ဦးထဲတွင် အမျိုးသမီး ၂၆ ဦးပါဝင်သည်ဟု ရွှေသောင်ယံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီး စပ်သူ တစ်ဦးက ပြောသည်။

ရွှေသောင်ယံ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦး က “ဖမ်းလာတာဟုတ်တယ်။ အမျိုးသား ၂၂ ယောက် နဲ့ အမျိုးသမီး ၂၆ ယောက်။ အားလုံး ၄၈ ယောက်ပေါ့” ဟု ပြောသည်။

အဆိုပါ ရိုဟင်ဂျာ ၄၈ ဦးသည် ရေတပ်သင်္ဘော ၅၅၉ က ကင်းလှည့် နေစဉ်တွေ့ရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့၊ ည ၁၂ နာရီ အချိန်ခန့်က ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက “အခုကတော့ ရွှေသောင်ယံ ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်။ စစ်ဆေး မေးမြန်း တာတွေ လုပ်နေတယ်” ဟု ပြောသည်။

ရိုဟင်ဂျာများသည် ဧရာဝတီတိုင်းအတွင်းသို့ ပုသိမ်-မုံရွာ ကားလမ်းမကြီး နှင့် ရေနံ့သာ-ဂွ ကားလမ်းများမှ ဝင် ရောက်ကြသည့်အပြင် ပင်လယ်ပြင် ရေကြောင်းလမ်းမှလည်း စက်လှေများဖြင့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငရုတ်ကောင်း ကမ်းခြေတို့ ဝင်ရောက်ကြသည်ဟု ဒေသအုပ်ချုပ်ရေးအဖွဲ့များ တာဝန်ရှိသူများ၏ ပြောဆိုချက်  များအရ သိရသည်။

“မြန်မာပြည်ဖွားတွေပါ။ ရိုဟင်ဂျာ မူဆလင်တွေ ပေါ့ဗျာ။ ရခိုင်ပြည်နယ်ဘက်မှာ အနေ အစား ဆင်းရဲတယ်။ ဘဝ ရပ်တည်ရေးအတွက် နေရာသစ်ရွေ့ပြောင်းပြီး အလုပ်အကိုင်ရှာဖွေကြတာ” ဟု မူဆလင် လူငယ်များ လူမှု ကူညီရေးအဖွဲ့က အဖွဲ့ဝင်လူငယ်တစ်ဦး က ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့တုန်းကလည်း ရေကြည်မြို့နယ်တွင် ဂွမြို့ဖက်မှ ကားဖြင့်လိုက်ပါလာသည့် ရိုဟင်ဂျာ ၅၁ ဦး နှင့် မေလ ၂၇ ရက်နေ့ကလည်း မြေသယ်ယာဉ် ၄ စီးဖြင့်သယ်ဆောင်လာသည့် ရိုဟင်ဂျာ အမျိုးသား ၅၇ ဦး အမျိုးသမီး ၄၂ ဦး နှင့် ကလေး ၅ ဦး  စုစုပေါင်း ၁၀၄ ဦးတို့ကို ဖမ်းဆီးခံထားရသည်။

၎င်းတို့ကို ရေနံ့သာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရေကြည်မြို့နယ် လူဝန်မှုကြီးကြပ်ရေး ဌာန မှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...