ဒညင်းသီးကားပေါ်မှ ရိုဟင်ဂျာ ၃၀ ဖမ်းဆီးခံရ

ဒညင်းသီးကားပေါ်မှ ရိုဟင်ဂျာ ၃၀ ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဒညင်းသီးတင်လာသည့် ကားပေါ်တွင် ရိုဟင်ဂျာ အယောက် ၃၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ဒညင်းသီး တင်ဆောင်လာသည့် ၆ဘီး ကားပေါ်မှ ရိုဟင်ဂျာ အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၁၂ ဦးတို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

”ဒီကာလမှာ ဒီလိုနည်းနဲ့ လာတိုင်းမိနေတာ။ လူကုန်ကူးသူတွေက ပိုက်ဆံရပြီးရော လုပ်နေတာ။ စစ်သားတွေ လောက် ကုလား မုန်းတာမရှိဘူး။ ရည်ရွယ်ချက် တခုခုရှိပုံရတယ်။ ထုံးစံအတိုင်း မင်းဘူး-မင်းလှ-မင်းတုန်း-ကံ မ-ပုသိမ်-မုံရွာလမ်းက လာတာ။ အထက်ဘက်က မဖမ်းတော့ဘူး။ ငွေကုန်လို့” ဟု ဥသျှစ်ပင် ဒေသခံတစ်ဦး က ပြောသည်။

ရိုဟင်ဂျာ အယောက် ၃၀ အား ဥသျှစ်ပင် ဘူးဘက် တံတားဂိတ်စောင့် စစ်သားများက ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရိုဟင်ဂျာများ လိုက်ပါလာသည့် ဒညင်းသီး တင် ၆ ဘီးကားအား လမ်းကြောင်းကြည့်ပေးသည့် ရှေ့ပြေး အိမ်စီးကားတစ်စီးကိုလည်း ပန်းတောင်းမြို့နယ် အဆုံး ကျီးတောဂိတ်တွင် တားဆီးဖမ်းနိုင်ခဲ့သည် ဟု သိရသည်။

ယခုဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ထဲက ဖြစ်ပြီး မလေးရှား နိုင်ငံကို သွားရန် ဖြစ်သည်ဟု သိရသည်။

ဥသျှစ်ပင် ဘူးဘက် တံတားဂိတ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ အယောက် ၃၀ ကို ဥသျှစ်ပင်မြို့၊ နယ်မြေ ရဲ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည် ဟု ရဲစခန်းနှင့် နီးစပ်သူများ၏ ပြောပြ ချက်အရ သိရသည်။

ယခုနှစ် ဇွန်လ ၂၈ ရက်နေ့ကလည်း ပန်းတောင်းမြို့နယ်ထဲတွင် ပြည်-တောင်ကုတ်လမ်း အတိုင်း ပြည်မြို့သို့ မောင်းလာသည့် ကားပေါ်မှ ရိုဟင်ဂျာ ၅ ဦးကို ဖမ်းဆီးရမိခဲ့သေးသည် ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...