ရခိုင်ပြည်နယ်မှ UN/ INGOs/ NGO အဖွဲ့များထွက်ခွာပေးရန် လူပေါင်းသောင်းချီ ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်မှ UN/ INGOs/ NGO အဖွဲ့များထွက်ခွာပေးရန် လူပေါင်းသောင်းချီ ဆန္ဒထုတ်ဖော်
by -
မဇ္ဈိမ
ဘူးသီးတောင်မှ ဆန္ဒ ပြနေကြသည့်မြင်ကွင်း။ ဓာတ်ပုံ-နေဇော်လင်း
ဘူးသီးတောင်မှ ဆန္ဒ ပြနေကြသည့်မြင်ကွင်း။ ဓာတ်ပုံ-နေဇော်လင်း
ရခိုင်ပြည်နယ်ရှိ UN/ INGOs/ NGO အဖွဲ့များအားလုံးထွက်ခွာပေးရန် လူပေါင်းသောင်းချီခန့် သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ INGOs တွေကို ရခိုင်ပြည်နယ်မှာ လုံးဝမထားဖို့ဆိုတဲ့အချက်တွေ ဖော်ထုတ်ပြီးတော့ ဒီနေ့ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံ တစ်နေ့တည်း တစ်ချိန်တည်းမှာ ဆန္ဒြုပကြတာဖြစ်ပါတယ်။ ရသေ့တောင်တို့မှာ တွေ့ရတာတော့ အနည်းဆုံး လူ ၁ ထောင်တော့ ပါတာပဲ၊ စစ်တွေမှာတော့ ၅ ထောင်နဲ့ တစ်သောင်း ကြားမှာရှိပါလိမ့်မယ်။ လူကတော့ မရေမတွက်နိုင်အောင် အများကြီး ပါ၀င်ပါတယ်ခင်ဗျာ ”ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောသည်။

တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးရန်၊ အကြမ်းဖက် အဖွဲ့အစည်းများအား အချိန်တိုအတွင်း ဖော်ထုတ်ပြီး ချေမှုန်းပေးရန်၊ မိမိအသက်အိုးအိမ်စည်းစိမ် အတွက် လုံခြံုတဲ့ အာမခံချက်ရှိတဲ့လုံခြံုရေးနှင့် UN/ INGOs/ NGOs အဖွဲ့များ ရခိုင်ပြည်နယ်အတွင်းမှ ထွက်သွားရန် စသည့်အချက်များကို ကြွေးကြော်တောင်းဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

မောင်တောဒေသတွင် လူ ၃၀၀၀ ကျော်၊ ရသေ့တောင်တွင် လူ ၁၀၀၀ ခန့်နှင့် စစ်တွေတွင် လူ ၅ ထောင်နှင့် ၁ သောင်းကြားခန့် ရှိပြီး ရခိုင်ပြည်နယ်ရှိ ကျန်မြို့များအသီးသီးတွင်လည်း ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကုလသမဂ္ဂအဖွဲ့များြ့ဖစ်သည့် UNHCR ၊ WFP အပါအဝင် နိုင်ငံတကာ INGO အဖွဲ့အစည်းတွေအား လုံး ရခိုင်ပြည်နယ်အတွင်းကနေ အမြန်ဆုံး ထွက်ခွာပေးရန် လူပေါင်းသောင်းချီက တစ်နေ့တည်းတွင် ဆန္ဒဖော်ထုတ်နေကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် ဒေသခံတိုင်းရင်းသားများအတွက် လက်နက်ကိုင်ပြည်သူ့စစ် ဖွဲ့စည်းပေး ရန်လည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ခိုးဝင်သူများအား စီစစ်ပေးရေး၊ UNHCR/WFP/NGO အဖွဲ့များကို ရခိုင်ပြည်မှ နှင်ထုတ်ပေးရေး၊ အကြမ်းဖက်သမားများအား ချေမှုန်းပေးရေးများအပါအဝင် တောင်းဆိုခဲ့ကြသည်။

လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် မောင်တော ဒေသတွင် ည မထွက်ရအမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ သက်တမ်း ၂ လ တိုးမြှင့်လိုက်ပြီး ရသေ့တောင်ဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...