AA မှ ဖမ်းဆီးထားသော ပလက်ဝဒေသခံ ၆ ဦး ပြန်လွှတ်ပေးရေး သဘောတူဟုဆို

AA မှ ဖမ်းဆီးထားသော ပလက်ဝဒေသခံ ၆ ဦး ပြန်လွှတ်ပေးရေး သဘောတူဟုဆို

ရက္ခိုင့်တပ်တော် AA မှ ခေါ်ယူထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းလူမျိုး ၆ ယောက်အား သင့်တင့်လျောက်ပတ်သည့်အချိန်တွင် ပြန်လွတ်ပေးနိုင်‌ရေးအတွက် IKACC နင့် AA တို့ နှစ်ဘက်ကြား ညှိနှိုင်းသ‌ဘောတူထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံအရပ်သားပြည်သူ ၆ ဦးအား AA ရက္ခိုင့်တပ်တော်  (AA) စစ်‌ရေးလှုပ်ရှားမှုကို စစ်ကောင်စီထံ သတင်းပေးသည်ဟူသော အထောက်အထားနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အသက်အန္တရာယ်လုံခြုံရေး၊ ထိန်းသိမ်းထားစဥ်ကာလအတွင်း ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံနိုင်ရေးအပြင် AA ဘက်က အချိန်တန်လာရင် ပြန်လွတ်ပေးရန် ညှိနှိုင်းသ‌ဘောတူထားကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“AA ဖက်က ပြောပြချက်အရကတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားတဲ့နေရာမှာ စကစဘက်ကိုသော်လည်းကောင်း အခြားသော ဌာနတွေမှာ သတင်းပေးတယ်ဆိုတဲ့ အထောက်အထားတွေနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်။ နောက်ပြီး စကစကို သတင်းမပို့အောင်နင့် စကစဘက် မပူးပေါင်းအောင် ဖြစ်စေချင်တဲ့သဘောပါ။ သူတို့နင့် ပြောတာနေအထားအရတော့ အခွင့်အခါသင့်တဲ့အချိန်မှာတော့ ပြန်လွတ်ပေးမယ်ဆိုတဲ့ ပုံစံနင့် တစ်ဆင့်ကြားရတာပေါ့" ဟု IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော် (AA)၊ CDF-Paletwa တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စသည့် လက်နက်ကိုင် ၃ ဖွဲ့ ခြေကုပ်ယူလှုပ်ရှားသည့်ဒေသဖြစ်ပြီး ယခုကဲ့သို့ တော်လှန်ရေးကာလတွင် ဒေသခံပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအား အနှောက်ယှက်ပေးသူမဖြစ်စေချင်ကြောင်း IKACC က တာဝန်ရှိသူက ဆက်ပြောသည်။

“တစ်ခြားမြို့နယ်တွေထက် ထူးခြားတာက ပလက်ဝ‌ဒေသမှာက လက်နက်ကိုင်တွေဖြစ်တဲ့ AA တပ်ဖွဲ့ရှိတယ်၊ Paletwa-CDF တွေရှိတယ်။ စကစ လည်းရှိမယ်။ အဓိကတော့ ပြည်သူလူထုတွေ ကလည်း တော်လှန်ရေးထဲမှာ မပါဝင်ပေမဲ့လည်း/ မပါချင်လည်း ကျွန်ပ်ပ်တို့တော်လှန်ရေးလုပ်တဲ့ အချိန်မှာ မနှောက်ယှက်စေချင်ဘူး၊ ဘယ်လူမျိုးမဆို စကစဘက်ကို သတင်းပေးတယ်ဆိုတာမျိုး ရှိရင်တော့ တော်လှန်ရေးတွေရဲ့လုပ်ရမဲ့လမ်းကြောင်းတွေလည်းရှိတာကြောင့် သိမ်သိမ်မွေ့မွေ့ နဲ့ ပါးပါးနပ်နပ်နေထိုင်မှ အဆင်ပြေမယ်” ဟု IKACC မှ တာဝန်ခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ‌ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးချင်း စသည်တို့ကို ပြုမူဆောင်ရွင်ခြင်း မပြုလုပ်ကြရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) မှ ဇူလိုင် ၂၄ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...