မိုင်းဖုန်းဆရာတော်ကိုလာကန်တော့မည့်သူများ အရက်သေစာ နှင့် အသားငါးများ မစားသုံးရန်ဆရာတော် မိန့်ကြား

မိုင်းဖုန်းဆရာတော်ကိုလာကန်တော့မည့်သူများ အရက်သေစာ နှင့် အသားငါးများ မစားသုံးရန်ဆရာတော် မိန့်ကြား

လာမည့် ဩဂုတ် ၁ ရက် တွင် မိုင်းဖုန်းဆရာတော်ကိုလာရောက် ကန်တော့မည့် ပြည်သူများအနေဖြင့် အရက်သေစာ သောက်စားခြင်းမပြုရန် နှင့် သက်သက်လွတ်စားရန်အတွက် ဆရာတော် ဦးဥာဏသီရိ က ပြည်သူများထံ မိန့်ကြားထားကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူတွင် ၃ နှစ် ၃ လ ၃ ရက် သီတင်းသုံး တရားကျင့်ကြံရာတွင် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည့်ကာ ဩဂုတ်လ ၁ ရက်၌ ဂူမှထွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ မိုင်းဖုန်းဆရာတော်ကို လာရောက်ကန်တော့မည့်သူများအတွက် ပြင်ဆင်ထားသည်မှာ အားလုံးနီးပါးပြည့်စုံပြီဖြစ်ကြောင်း ဆရာတော် ဦးဥာဏသီရိက သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

“ ဆရာတော်ဆီလာကန်တော့ဖို့ အတွက် ပြင်ဆင်ထားတာတော့ အားလုံးပြီးခါနီးနေပါပြီ။ ထပ် ၇ ရက်လောက်ဆို ဆရာတော်လည်း ဂူကနေထွက်တော့မယ်။ ဆရာတော်ကို လာဖူးမြော်ပြီး စောင့်ကြိုတဲ့သူတွေအနေနဲ့ အရက်သေစာမသောက်စားကြဖို့နဲ့ သက်သက်လွတ်စားလာဖို့မှာကြားချင်ပါတယ်။ လာကြိုမဲ့သူတွေအနေနဲ့တော့ အိမ်ကနေကော သက်သက်လွတ်စားလာပေးဖို့ ပြောချင်ပါတယ်။ အရက်သေစာလုံးဝသောက်လို့မရပါဘူး” ဟု ဆရာတော် ဦးဥာဏသီရိက မိန့်သည်။

အလားတူ ညအိပ်လာမည့်သူများအနေဖြင့်လည်း စောင်၊ မိုးကာများ ယူဆောင်လာရန်လိုကြောင်း၊ အစားသောက်များအတွက်တွင်လည်း အလှူရှင်များရှိသည့်အတွက်ကြောင့် စိတ်ပူစရာမလိုကြောင်း ဆရာတော် ဦးဥာဏသီရ က ထပ်လောင်းမိန့်ကြားသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...