ကျိုက်မရောတွင် ရဲကင်းစခန်းကို အမည်မသိလက်နက်ကိုင်များ လာရောက်ပစ်ခတ်၊ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်မရောတွင် ရဲကင်းစခန်းကို အမည်မသိလက်နက်ကိုင်များ လာရောက်ပစ်ခတ်၊ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရ
 ဓါတ်ပုံ - DVB
ဓါတ်ပုံ - DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရှိ ရဲကင်းစခန်းကို ဇူလိုင် ၂၃ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က အမည်မသိ လက်နက်ကိုင်များ လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၃ ဦး သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ်ရာတွင် ရဲကင်းစခန်းကို ထိခိုက်မှုမရှိဘဲ ပြည်သူများ သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ပုန်းရှောင်ခဲ့ကြသော်လည်း အမျိုးသမီးတစ်ဦး နှင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အစ်မနဲ့ တူမလေး နှစ်ယောက် သေနတ်ဒဏ်ရာရသွားတယ်ပေါ့။ အဲ့ဒါနဲ့ ကျမလည်း အရေးပေါ် လူနာတင်ယာဉ်လှမ်းခေါ်တော့ သူတို့လည်း မလာရဲကြသေးဘူး။ အဲ့ဒါနဲ့ အိမ်မှာရှိတဲ့ ဆေးတွေ လိမ်းပြုပြီးတော့ ဆေးရုံကို ခေါ်လာလိုက်တယ်"ဟု ၎င်းက ပြောသည်။

ဇူလိုင် ၂၄ ရက်မနက်ပိုင်းထိ ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်းရအခြေအနေဖြစ်နေခဲ့ကြောင်း

သို့သော်လည်း ညနေပိုင်းတွင် သေနတ်ဒဏ်ရာ ရရှိသူများသည် အသက်အန္တရာယ် မစိုးရိမ်ရ အခြေအနေဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ ရဲကင်းစခန်းအား အမည်မသိလက်နက်ကိုင်များ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင်လည်း အဆိုပါ ချောင်းနှစ်ခွတံတားထိပ်ရှိ ရဲကင်းစခန်းအား အမည်မသိလက်နက်ပိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...