ပျူစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ နှစ်ဦး ပစ်သတ်ခံရ

ပျူစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ နှစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ က စစ်ကောင်စီသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်ဟု သိရသည်။

နဘုလယ်ဒေသ ထွက်ဝကျေးရွာက ဦးစံအေး အသက် ၆၀ နှစ် နှင့် ဦးအေးသား တို့ နှစ်ဦး ဇူလိုင် ၂၀ ရက်နေ့၊ နေ့ လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

“သေနတ်ပစ်သံတွေက နှစ်ကြိမ်တောင် ကြားရတာ။ မိနစ်ပိုင်းပဲခြားတယ်။ အချက်ရေကတော့မနည်းဘူး” ဟု အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦးက ပြောသည်။

နေအိမ်တွင်ရှိနေသည့် ဦးစံအေးကို လူငယ် ၅ ဦးခန့် က သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ပြီးနောက် တစ်လမ်း ကျော်တွင် နေထိုင်သည့် ဦးအေးသား ဆိုသူကိုလည်း တဆက်တည်း ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစံအေး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ခဲ့ပြီး ဦးအေးသားလည်း ဦးခေါင်း နှင့် လက်တွင် ထိမှန်၍ သေဆုံးသွား ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဦးအေးသား သည် ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ဦးစံအေးဆိုသူမှာလည်း စစ်ကောင်စီကို သတင်းပေးခြင်း၊ ကင်းထောက်ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့်အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုလည်း အမြဲ စိန်ခေါ် ကြိမ်းမောင်းလေ့ ရှိသူတစ်ဦးဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသူ နှစ်ဦးစလုံး၏ အလောင်းများအား စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များက ဇူလိုင် ၂၁ ရက်နေ့ အထိ လာရောက်စစ်ဆေးခြင်း မရှိဘူးဟု ရွာသားများက ဆိုသည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း နဘုလယ်ဒေသ မူးဒူးကျေးရွာက အသက် ၃၀ ခန့်အရွယ် သွေး သောက်အဖွဲ့ဝင် ကိုပိုင်သန်း ဆိုသူလည်း ပစ်သတ်ခံခဲ့ရသေးသည်။

ဓါတ်ပုံ - CJ နဘုလယ်ဒေသ လူငယ်များ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဘုရားသွားရင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ပုံ

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...