“ကျွန်တော်တို့ဘက်က စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်" CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုနဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ဘက်က စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်" CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်း ၂၇ စီး အင်အား ၂၀၀ ဝန်းကျင်နဲ့ ချင်းပြည်နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖလမ်းနဲ့ ဟားခါးမြို့အကြား လမ်းတလျှောက်မှာ ချင်းအမျိုးသားတပ်မတော် CAN အပါအဝင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

ဖလမ်း-ဟားခါးကြားဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး Chinland Join Defense Committee (CJDC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။     ။ ဖလမ်းကနေ ဟားခါးကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းခရီးတလျှောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ အကျအဆုံးလည်းများခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲအခြေအနေပြောပြပေးလို့ရမလား။

ဖြေ။     ။ အဓိက ကလေးဘက်ကနေ ဖလမ်းဘက်တက်တဲ့ စစ်ကောင်စီအင်အားက ခန့်မှန်းအရ ၂၅၀ ကျော် လောက်ကို ကျွန်တော်တို့ CJDC ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ တိုက်ခိုက်တာ ဖြစ်ပါ တယ်။ ဇူလိုင် ၈ ရက်ကနေ ၁၆ ရက်အထိပေါ့နော် ကျွန်ပ်တို့ ၈ ရက်လုံးလုံးတိုက်တယ်၊ တိုက်ပွဲက တော်တော် ပြင်းထန်းတယ်။  ညဘက်မှာလည်း ကျွန်ပ်တို့ တိုက်ပွဲတွေဖော်တယ်။ အဓိက လမ်း တစ်လျှောက်လုံး ကျွန်ပ်တို့အနေနင့်တောက်လျှောက် ဒုက္ခပေးနိုင်ဖို့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဖြိုချနိုင်ဖို့ အထိတိုက်ပေမဲ့လည်း တစ်ဖက်မှာ လက်နက်နဲ့ ကျည်အပေါ်မူတည်ပြီးတော့ ကျွန်ပ်တို့ဘက်ကနေ ၈ ရက်ကြာ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ဆုတ်ရတာလည်းဖြစ်ပါတယ်။

မေး။     ။ တိုက်ပွဲက ဘယ်လိုပုံစံမျိုးဖော်ဆောင်ကြလဲ။ ပြောက်ကျားပုံစံမျိုးပဲလား။

ဖြေ။     ။ ဒီအချိန်ကတော့ ပြောက်ကျားစနစ် မဟုတ်ပါဘူး ကျွန်တော်တို့ တိုက်စစ်ပုံစံနဲ့ သွားရောက်ပစ်ခ တ်တာဖြစ်တယ်ပေါ့။ အဲ့တာကြောင့်မို့လို့ သူတို့ စစ်ကောင်စီဘက် ပိုပြီးအထိနာတာဖြစ်ပါတယ်။ ကျွန်တော်တို့က လမ်းတစ်လျှောက်လုံးကို သွားပြီး၊ တစ်နေရာတည်းကနေ တိုက်ပွဲဝင်တာမဟုတ်ဘူး  ကျွန်တော်တို့ဘက်ကနေ defensive မဟုတ်ပဲနင့်  တိုက်စစ်ပုံစံဖော်ဆောင်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

မေး။     ။ အဲဒီတိုက်ပွဲမှာ တိုက်မိုင်းတွေ၊ ဒုန်းတွေလည်း အသုံးပြုတယ်ကြားရတယ်။ ဘယ်နှစ်ကြိမ်လောက် အသုံးပြု တိုက်ခိုက်ကြလဲ။

ဖြေ။     ။ ကျွန်တော်တို့ဘက်ကနေ Drone သုံးပါတယ်၊ Drone ကိုသုံးပြီးတော့ ဗုံးကြဲချတာ  အောင်လည်း အောင်မြင်တယ်။ အောင်မြင်လို့ပဲ စစ်ကောင်စီဘက်ကနေလည်း တော်တော်အထိအနာခဲ့တယ်။ ကျွန်တော်တို့  Drone က ၁၀ လုံးလောက်အသုံးပြုတယ် စစ်ကောင်စီဘက်ကနေ Drone ပစ်တဲ့လက်နက်တွေယူလာကြတော့ Drone ၃ လုံးကတော့ သူတို့ ပစ်ချလိုက်တယ်။ ကျွန်တော်တို့ Drone သုံးတဲ့နေရာမှာတော့  အကျိုးသက် ရောက်မှုတော်တော်ရှိတယ်။

မေး။     ။ ဖလမ်း-ဟာခါးကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘယ်နှစ်ယောက်သေးဆုံးမှုရှိတာလဲ။ ကာကွယ်ရေးတပ်ကကော် ဘယ်လောက်ကျဆုံးခဲ့လဲ။

ဖြေ။     ။ အကျဆုံးကတော့ ကျွန်တော်တို့ဘက်ကနေ ၂ ယောက်ကျပါတယ်၊ ဒဏ်ရာရ ၁၄ ယောက် ရှိပါတယ်။  ဒဏ်ရာရ  ၂ ယောက်က စီုးရိမ်ရတဲ့အခြေနေမှာရှိပါတယ်။ ကျန် ၁၂ ယောက်က စိုးရိမ်ရတဲ့အခြေနေမရှိပါဘူး။ ဆိုတော့ ရန်သူ့ဘက်ကတော့ ကျွန်တော်တို့ရဲ့ အတည်ပြုချက်အရ အယောက် ၅၀ ကျော်၊ ဟားခါးရောက်တဲ့ အချိန်မှာ ၄ ယောက်ထပ်သေတယ်ဆိုတော့ ၅၄ ယောက် သေဆုံးတယ်လို့ ကျွန်တော်တို့ အတည်ပြုတယ်။ ဒဏ်ရာရကတော့ အယောက် ၂၀ လောက်ရှိတယ်။

မေး။     ။ ဖလမ်း-ဟားခါးကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘယ်လိုတွေကြောင့် အထိအခိုက်အကျအဆုံး များရတာလဲ။

ဖြေ။     ။ သူတို့ဘက်က အကျဆုံးများတာကတော့ အဓိက ကျွန်တော်တို့ ချင်းပထဝီအနေအထား နယ်မြေ ကျွမ်းကျင်မှုပေါ့လေး၊ ကျွန်တော်တို့ကလည်း သင်တန်းကို တောက်လျှောက် အထူးတပ်ဖွဲ့တွေကိုလည်း အများကြီး ပို့ချပေးထားတယ်။ စစ်ကောင်စီထက် ကျွန်တော်တို့က နယ်‌မြေကျွမ်းကျင်ရေးမှာ တဘမ်းသာ ပါတယ်။ ပြီးတော့မှ ဒီတစ်ခေါက်တိုက်ပွဲမှာ အများကြီးကျဆုံးအောင်ပစ်ခတ်နိုင်တယ်ဆိုတဲ့ဟာလည်း ကျွန်တော်တို့ရဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဟာဆိုရင် မိခင်အဖွဲ့စည်းတွေမှာလည်း တကယ့် အားကိုးအားထားရတဲ့ အထူးတပ်ဖွဲ့(Special Force) ဖြစ်တယ်။ ဆိုတော့ အထူးတပ်လိုပဲ စိတ်ဓာတ်ပိုင်း မှာကော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာကော ကျွန်တော်တို့ အများကြီး သင်တန်း ပို့ချရပါတယ်။ အဲ့လိုသင်တန်းပို ချတဲ့ အချိန်မှာ ကွျှန်တော်တို့ဘက်ကနေ စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်၊ ပြီးတော့မှ ကျွန်တော်တို့ တိုက်စစ်ပုံစံမျိုးဖော်ဆောင်တဲ့အတွက် ကျွန်တော်တို့ဘက်ကနေလည်း တဘမ်း အသာရတယ်။

နောက်တခုကတော့ ရာသီဥတုအခြေနေကြောင့်လည်း ရန်သူ့ဘက်က လေ‌ကြောင်းပစ်ကူ မပေးနိုင်ဘူး။ ၈ ရက်လုံးလုံး ကျွန်တော်တို့ တောက်လျှောက်ပစ်နေတဲ့အချိန်မာ စစ်ကောင်စီ လေကြောင်းက သူတို့ကို အကူညီမပေးနိုင်ဘူး။ ပြီးတော့မှ ကျွန်တော်တို့ ချင်းပူးပေါင်းကာကွယ်တပ်ဖွဲ့ Special force တွေတိုက်နေတဲ့အချိန်မှာ CNDF ကလည်းလာပြီးတော့ ပူးပေါင်းပစ်တယ်၊ CDF-Hakha လည်းပါတယ်၊ CDF-Thantlang လည်းပါတယ်၊ CNA လည်းပါတယ် ဆိုတော့ နီးစပ်ရာရှိတဲ့ ဒီအဖွဲ့စည်း တွေကလည်း အများကြီး ပစ်ကူတဲ့အတွက်အင်အားအရ လည်း ကျွန်တော်တို့မှာ အတော်သင့် ရှိတဲ့အတွက်ကြောင့် ဒီတစ်ခေါက် ရန်သူ့စစ်ကြောင်းမှာ တော်တော်လေး အထိအနာတာလည်းဖြစ်ပါတယ်။

မေး။     ။ ခုဆိုရင် ဟားခါးမြို့ကို စစ်ယာဉ်တန်းများအပြားဝင်လာတယ်၊ တောင်ပိုင်းဘက်မှာဆိုရင် ပခုက္ကူကနေ မင်းတပ်ကို စစ်ယာဉ်တန်းဦးတည်ဝင်လာပြီ။ ဆိုတော့ ချင်းပြည်နယ်ရဲ့စစ်ရေးအခြေအနေက ဘယ်လို ဆက်ဖြစ်လာနိုင်လဲ။

ဖြေ။     ။ အဓိကတော့ သူတို့အနေနင့် ဒီထက်ပိုတဲ့အင်အားတွေ သုံးလာနိုင်တဲ့အခြေနေရှိလာနိုင်ပါတယ်။ အခုလက်ရှိလည်းသုံးနေပါပြီ၊ ဆိုတော့ ဆက်ပြီးတော့လည်း တော်လှန်ရေးအားကောင်းတဲ့ ချင်းပြည်လိုမျိုးကို ဆက်လက်ပြီး သူတို့အနေနင့် ပိုမိုသာလွန်အင်အားကို သုံးဖို့ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကနေ လည်း အများကြီး ပြင်ဆင်ထားတာတွေလည်းရှိတယ်။ ဆိုတော့ ချင်းပြည်အတွင်းမှာ တိုက်ပွဲက ဒီထက် ပိုပြီးတော့မှ ဖော်ဆောင်လာနိုင်ဖို့လည်းရှိတယ်။ အဓိကတော့ မြောက်ပိုင်းကနေ‌ရော အင်အားတော်တော်ဖြည့် လာတာတွေ့ရတယ်။ တောင်ပိုင်းမင်းတပ်ဘက်ကနေကလည်း အင်အားဖြည့်လာတယ်ဆိုတော့ ကျွန်တော်တို့ ချင်းပြည်မှာ ဒီထက်ပိုတဲ့ တိုက်ပွဲတွေကတော့ နောက်ထပ်ဖြစ်လာဖွယ်ရှိပါတယ်လို့ သုံးသပ်ရပါတယ်။

မေး။     ။ ပလက်ဝကနေ စစ်ကောင်စီ စစ်ကြောင်း (၃) ကြောင်းနင့်တက်လာတယ်လို့ကြားရတယ်။ ဘယ်ကနေဘယ်လိုလာပြီးတော့ ဘယ်ကိုဦးတည်ပြီးသွားတာလဲ။ ပြီးတော့ လက်ရှိ ဘယ်ကိုရောက်နေပြီးတော့ စကစ အင်အားဘယ်လောက်ဝန်းကျင် ခန့်မှန်ခြေရှိနိုင်မလဲ။

ဖြေ။     ။ CDF-Paletwa တပ်ရင်း (၁) နင့် တပ်ရင်း (၃) နယ်မြေတွေပေါ့အဓိက သူတို့ဦးတည်နေတာ၊ ပလက်ဝနယ်မြေခံတပ်ရင်း (၂၈၉) ကနေ‌ရောက်ရှိတာဖြစ်တယ်။ စစ်ကြောင်းအရ စစ်ကြောင်း (၃) ကြောင်းနင့် လာတယ် အခုဆိုရင် ဆမီးချောင်းရဲ့ အနီးရွာဖြစ်တဲ့  စောင်ဝါးရွာနင့် အနီးမှာ သူတို့ ယာယီစခန်းချတယ်။ အဲ့ဒီနေရာကနေပြီးတော့မှ သူတို့ အခြေနေစောင့်ကြည့်နေတယ်။ ပြည်သူတွေကိုလည်း အတင်းအဓမ္မ အစည်း‌ဝေးခေါ်ယူပြီးတော့မှ စည်းရုံးတယ်လို့လည်း ကျွန်တော်တို့ သတင်းကြားရတယ်။ ပြီးတော့မှ နောက်ထပ်စစ်ကြောင်းက မီးချောင်းဘက်ဖြစ်တယ် အဲ့ဒီမီးချောင်းဘက်မှာတော့ ရွာမတို့ အရင်တုန်းက သူတို့ စစ်ကောင်စီက အရပ်သားပြည်သူ ၂၅ ယောက်ကို ဖမ်းသွားတဲ့ ပမ်းဝ ကျေးရွာ အနီးတစ်ဝိုက်တွေမှာ စစ်ကောင်စီတွေရဲ့ ကျောင်းဖွင့်ဖို့လည်ပတ် ကွင်းဆင်းတယ်။ အဲ့တာကြောင့် သူတို့အနေနင့် တပ်ချဖို့ အစီစဉ်တွေရှိတယ်လို့ ကျွန်ပ်တို့ကြားသိရတယ်။

အဲ့ဒီနေရာမှာလည်း ခန့်မှန်းအရ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၁၀၀ ကျော်တယ်၊ စစ်ကြောင်း (၃) ကြောင်းဆိုရင် အင်အား ၃၀၀ ကျော်လို့ ကျွန်တော်တို့ခန့်မှန်းတယ်။ ထိတွေ့မှုလည်းရှိလာနိုင်တယ်။ အဓိကတော့ စစ်ကောင်စီတွေက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကြိုးစားရင်း တဖက်မှာလည်း တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့စည်းတွေနဲ့ ပြည်သူတွေကြားမှာ သွေးခွဲစေမယ့် ဝါဒတွေဖြန့်တာတွေလည်း လုပ်နေတယ်လို့ ကျွန်တော်တို့သုံးသပ်ရပါတယ်။

မေး။     ။ တခြားဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ CJDC ရဲ့ အထူးတပ်ဖွဲ့ Special force လည်း အခုဆိုရင် သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပါပြီ တိုက်ပွဲကလည်းဖော်ဆောင်နေပါပြီ၊ ချင်းပြည်တွင်းမှာ တကယ့်သက်ရောက်မှုရှိတဲ့ အင်အားတွေကိုလည်း တည်ဆောက်သွားဖို့ရှိတယ်။ တစ်ဖက်မှာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နေတဲ့ နေရာတွေမှာလည်း ပြည်သူလူထုတွေအနေနင့် ပူးပေါင်းပါဝင်မှုမလုပ်ကြပဲနဲ့ ကျွန်တော်တို့ရဲ့ တော်လှန်‌ရေးအောင်မြင်ရေးကိုပဲ အလေးနက်ထား ယုံကြည်ပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့လိုပါတယ်။

May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...
May 9, 2024
ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ...
May 8, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း...