အိုမီခရွန်မျိုးကွဲ BA 4 နှင့် BA 5 မှာ ကူးစက်မှုမြန်၍ ကျန်းမာရေးစည်းမျဉ်းများ လိုက်နာရန် ပြော

အိုမီခရွန်မျိုးကွဲ BA 4 နှင့် BA 5 မှာ ကူးစက်မှုမြန်၍ ကျန်းမာရေးစည်းမျဉ်းများ လိုက်နာရန် ပြော

လတ်တလောဖြစ်ပွားနေသော အိုမီခရွန်၏ ဗီဇမျိုးကွဲ BA 4 နှင့် BA 5 ရောဂါပိုးသည် ကူးစက်မှုနှုန်း မြန်သောကြောင့် အခြေခံကျသော ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဒေါက်တာသက်ကျော်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် BA 4 နှင့် BA 5 ရောဂါ သေချာမတွေ့ရသေးသော်လည်း တစ်ခြားနိုင်ငံများတွင် ကူးစက်မှု ပျံ့နှံနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

"BA 4 ဖြစ်ဖြစ် BA 5 ပဲ ဖြစ်ဖြစ် ကူးစက်နှုန်းက မြန်တဲ့အတွက် ကျွန်တော်တို့ အရင်နေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပေါ့။ အခြေခံကျတဲ့ဟာဆိုရင် ပထမဆုံး mask တပ်မယ်။ လက်ဆေးမယ်ပေါ့။ လက်ဆေးမယ်ဆိုလည်း ဆပ်ပြာနဲ့ မဆေးရင် လက်သန့်ဆေးနဲ့ဆေးပေါ့။ နောက်လူထူထပ်တဲ့နေရာတွေ ရှောင်ပေါ့။ အခြေခံကျတဲ့ အဲဒီသုံးချက်ပဲ အမြဲတမ်းလုပ်ရမယ် ဆောင်ရန် ရှောင်ရန်ဆိုရင်ပေါ့" ဟု ၎င်းက ပြောသည်။

ကာကွယ်‌ဆေး နှစ်ကြိမ် ထိုးပြီးပါက အစက်အန္တရာယ်ထိခိုက်မှု နည်းပါးလာမည်ဖြစ်ပြီး ကာကွယ်ဆေးကို အကြိမ်ရေ ပြည့်မီအောင် ထိုးသင့်ကြောင်း ဆက်ပြောသည်။

အိုမီခရွန်၏ ဗီဇမျိုးရိုးကွဲ ရောဂါပိုးဖြစ်သော BA 4 နှင့် BA 5 သည် ကူးစက်မှု မြန်သောကြောင့် ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအနေဖြင့် ကာကွယ်ကို ထိုးနှံကြရန် တိုက်တွန်းပြောသည်။

အခြေခံကျောင်းများ ဖွင့်လှစ်နေသည့် အချိန်ဖြစ်သောကြောင့် ကူးစက်ရောဂါပိုးတွေ့ရှိခဲ့ပါက ကျောင်းပေးတက်မည် မဟုတ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"ကလေးတွေကိုတော့ ကာကွယ်ဆေးက ကျောင်းကပဲ ထိုးပေးတယ်။ အမလည်းပေးထိုးတယ်။ သူများတွေကပြောတယ် မတည့်တာဖြစ်မယ်တို့ဘာတို့ အမကတော့ ပေးထိုးတယ်။ အခုထိတော့ အေးဆေးတက်နေကြတုန်းပဲ။ တကယ်လို့ ကျောင်းမှာ တစ်ယောက်တွေ့ခဲ့မယ်ဆိုရင်တော့ ပေးမသွားတော့ဘူး။ ကလေးတွေကို ကူးမှာစိုးလို့"ဟု ၎င်းက ပြောသည်။

စာသင်ကျောင်းအတွင်း၌လည်း လက်ဆေးရမည့်နေရာ နှင့် mask တပ်ဆင်ခြင်းကို စနစ်တကျ သင်ကြားပေးနေသည်ကို တွေ့ရကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ ပြန်လာသူ လေးဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်သည် ကာကွယ်ဆေးလွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးသူ အများဆုံး ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...