မိုင်းပွန်စော်ဘွား ဂူသင်္ချိုင်းများကို ဒေသတွင်းသံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှု ပြုလုပ်

မိုင်းပွန်စော်ဘွား ဂူသင်္ချိုင်းများကို ဒေသတွင်းသံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှု ပြုလုပ်

သျှမ်းပြည် တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းများကို ဒေသအတွင်း သံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းသိရသည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူနေရာကို အုတ်တံတိုင်း နှင့် အတွင်းပိုင်း ခင်းရန်အတွက် မိုင်းပွန်မြို့ သံဃာတော်များ ဦးဆောင်ကာ ပြုပြင် မွမ်းမံရန် လျာထားကြောင်း မိုင်းပွန်မြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

“ဦးဇင်းကိုယ်တိုင် အလှူခံထွက်ပြီး ပြုပြင်သွားမှာပါ၊ အခုလောလောဆယ်တော့ အုတ်ဂူသင်္ချိုင်းကို အုတ်တံတိုင်း အရင်ခတ်မယ်လို့ လျာထားတယ်၊ အလှူရှင်တွေ ထပ်ရှိလာရင်တော့ အတွင်းပိုင်းခင်းမယ်၊ ဒါကလည်း ဖြစ်နိုင်ရင် ကြွေပြားတောင်ခင်းချင်တာ၊ သမိုင်းမပျောက်ပျက်အတောင် နောင်လာနောင်သားတွေ သိရှိရအောင် ခိုင်ခံ့မှု တစ်ခုပေါ့” ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။

မိုင်းပွန်မြို့တောင်ဘက်ရှိ စော်ဘွားများအဆက်ဆက်ဂူသင်္ချုင်းမြေဖြစ်သည့် အာဇာနည်ခေါင်းဆောင် စဝ်စံထွန်း အရိုးဂူ နှင့်ဆွေတော်မျိုးတော် အုတ်ဂူများ ရှိသည့်နေရာကို နောက်လာနောင်သားများအတွက် သမိုင်းတွင်စေရန် ခိုင်ခံမှုရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်မှ မိန်းဆိုသည်။

“အခုပြင်ဖို့ လျာထားတဲ့ အုတ်တံတိုင်းက နှစ်ဘက်ပဲ ရှိတော့တယ်၊ ကျန်တဲ့ နှစ်ဖက်ကတော့ အရင်နှစ်တွေ တုန်းက လုပ်ပြီးပြီပေါ့၊ ဒါက ဦးဇင်းရဲ့ လျာထားချက်ပါ၊ အလှူရှင်တွေရှိရင် ရှိသလို ကြမ်းခင်းတွေလည်း လုပ်သွားမယ်” ဟု ဆရာတော်က ဆက်လက်ပြောဆိုထားသည်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် စဝ်စံထွန်းသည် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးသည့် စော်ဘွားတစ်ဦးဖြစ်သည့်အပြင် ၁၉၄၇မတ်လ ၂၆ရက် ကြားဖြတ် အစိုးရအဖွဲ့၌ အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီးအဖြစ်ရွေးချယ်ခံရပြီး အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်လည်း ဖြစ်ခဲ့သည်။

၁၉၄၇၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လည်ရှိ အတွင်းဝန်များရုံး၊ ဝန်ကြီးများရုံး၌ အစည်းအဝေးပြုလုပ်နေချိန် စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်သည့်လူတစ်စုက စစ်သေနတ်ဖြင့် ခန်းမထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် စော်ဘွား စဝ်စံထွန်း အပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ကျဆုံးခဲ့ရသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...