Non-CDM များအား သြဂုတ်လ ၁၅ ရက်နောက်ဆုံးထား CDM ဝင်ရန် မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

Non-CDM များအား သြဂုတ်လ ၁၅ ရက်နောက်ဆုံးထား CDM ဝင်ရန် မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

စစ်ကောင်စီ အာဏာသိမ်းပြီးကာလနောက်ပိုင်း ဝန်ထမ်းအဖြစ်ခန့်ထားခံရသူနင့် CDM ပြုလုပ်ခြင်းမရှိသည့် ယခင်ဝန်ထမ်းများအနေဖြင့် လာမည့်သြဂုတ်လ (၁၅) ရက်နောက်ဆုံးထား CDM ပြုလုပ်ကြရန် မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) ပြုလုပ်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပြီး စစ်ကောင်စီမှ ဦးစီးဖွင့်လှစ်သော တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်အောင်မြင်ရရှိသည့် ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အသိမှတ်ပြုမည်မဟုတ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ ရရှိသော ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများအပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျမ်းကျိန် (Vow under Oath) ဂတိခံဝန်ချက် ပြုပ်လုပ်ကြရန်နှင့် ယင်းကိစ္စကို သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား လိုက်နာဆောင်ရွက်ကြရန် ၎င်းတို့ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အကယ်၍ ယင်းထုတ်ပြန်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသော Non-CDM ဝန်းထမ်းများအား မင်းတပ်မြို့နယ်၊ ကျေးရွာများမှ နယ်နှင်ဒဏ်ပြုလုပ်ခြင်း၊ နာမည်ပျက်စရင်းရေးသွင်းမှတ်တမ်းတင်ပြီးကြေညာခြင်း၊ လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနင့် လိုအပ်ပါက CDM-Mindat တပ်ရင်းတပ်ဖွဲ့များ၏ အကူအညီရယူ၍ ထိရောက်စွာ အင်အားသုံးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

ထို့အပြင် မင်းတပ်မြို့နယ်အတွင်း ‌ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် တင်ဒါ (Tender) အောင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ချက်များ ပြည့်မီခြင်းရှိ/မရှိကို တည်ဆောက်ရေး အရည်အသွေးစိစစ်ရေးကော်မတီမှ စိစစ်ဆေးသွားမည်ဖြစ်ကြောင်းကို ဇူလိုင် ၁၈ ရက်နေ့က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့က ထုန်ပြန်ခဲ့သည်။

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...