ရခိုင်ပြည်နယ်မှ ၁နှစ်နှင့် ၁လသားအရွယ် ကလေးငယ်တစ်ဦးတွင် H1N1 တွေ့ရှိ

ရခိုင်ပြည်နယ်မှ ၁နှစ်နှင့် ၁လသားအရွယ် ကလေးငယ်တစ်ဦးတွင် H1N1 တွေ့ရှိ
by -
နောင်ခိုင်အောင်း၊ မဘုကေ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁ နှစ်နှင့် ၁ လ အရွယ်ရှိ ကလေးငယ် တစ်ဦး၌ H1N1 ကူးစက်ခံထားရသည်ကို တွေ့ရှိထားကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်သည်။ သတင်းသမားများနှင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးတွင် တွေ့ဆုံစဉ် ကလေးငယ် တစ်ဦးတွင် H1N1 ရောဂါ ကူးစက်ခံထားရခြင်းကို ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က “ကလေးက စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဖြစ်ပါတယ်။ ယောက်ကျားလေး၊ အသက်တစ်နှစ်နဲ့တစ်လပဲရှိပါသေးတယ်။ လိုအပ်တာတွေကို ရန်ကုန်မှာစမ်းသပ်ပြီးတော့ မနေ့ကည ၁၁ နာရီလောက်မှာ ကလေးမှာ ဒီရောဂါ ကူးစက် ခံထားရတယ်ဆိုတာ အတည်ပြုချက်ရပါတယ်”ဟု ပြောကြားသည်။ သြဂုတ် ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ စစ်တွေပြည်သူ့ဆေးရုံတွင် လာရောက်ပြသသည့် လူနာပေါင်း (၁၂၄) ဦး အထိရှိခဲ့ပြီး ယင်းအထဲတွင် (၄) ဦးမှာ သာမာန်ထက်ပိုသည့် ကျန်းမာရေး လက္ခာများတွေ့ရှိသည့်အတွက် စမ်းသပ်စစ်ဆေးရာမှ ယခုကဲ့သို့ H1N1 ရောဂါကူးစက်ခံနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကြည်လွှင်က ဆက်လက်ပြောကြာသည်။ အဆိုပါရောဂါပိုးသည် ယင်းကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးဦးမှ ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာက ကောက်ချက်ချ ပြောကြားသည်။ “ H1N1 ရောဂါပိုးဟာ လူကနေ လူကိုကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင့်ရေးက အဓိကလိုအပ်ပါတယ်။ နှာချီတဲ့အခါလည်း လက်ကိုင်ပါဝါတို့ တီချူးတို့ကို အသုံးပြုသင့်ပါတယ်” ဟု ဒေါတာကြည်လွင်က ပြောသည်။ ရခိုင်ပြည်နယ် ကျန်းမာရေးဌာအနေဖြင့် ရခိုင်ပြည်နယ်ရှိမြို့နယ်များအားလုံးတွင် ကြိုတင်ကာကွယ်သည့် အနေဖြင့် H1N1 အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...