ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်

ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် – နမ့်ခမ်း ခရီးသွားပြည်သူများကို တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့မှ အခွန်ကောက် နေကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၁၉) ရက် မနက် ၇ နာရီ ၄၀ မိနစ်က မူဆယ် – နမ့်ခမ်းရှိ နမ့်စန့် ဂိုဒေါင်ကျေးရွာတွင် အိမ်စီးကားများ ခရီးသည်တင်ကားများကို TNLA မှ အခွန်ကောက်နေကြောင်း သိရသည်

“သူတို့အင်အား (၃၀) လောက်ရှိမယ်။ လမ်းမကြီးတွေမှာ လုံခြုံရေးယူထားတာတွေလည်းရှိတယ်။ ခရီးသွားလာသူတွေကို စစ်ဆေးမေးမြန်းမှု တင်းကြပ်တာတွေ ပြုလုပ်ပြီး ငွေကြေးတောင်းခံနေကြတယ်။ အိမ်စီးကားဆိုရင် (၅) သောင်းပေးရပြီး ကုန်တင်ကားဆိုရင် (၂) သိန်းလောက်ပေးရတယ်” ဟု ခရီးသွား ပြည်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းသည် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ ပြည်သူများထံ အခွန်ကောက်နေမှုများ ပြုလုပ်သည့်အတွက် ပြည်သူများ အခက်ခဲ ကြုံတွေ့နေရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...