ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ

ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၁၆ ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်းပေး ဒလန် ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“အိမ်မှာ အသတ်ခံရတာတော့ မဟုတ်ပါဘူး၊ ကိစ္စတစ်ခုရှိလို့ အပြင်သွားနေတုန်း အသတ်ခံလိုက်ရတယ်လို့ သူ့မိသားစုဝင်တွေက ပြောတယ်၊ ဓားနဲ့ ထိုးသတ်ခံလိုက်ရတာတဲ့၊ ဓါးချက်တွေလည်း တော်တော်များတယ်” ဟု နဘန်းကြီးကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းဖြစ်စဥ်များ နှင့် ပတ်သက်ပြီး တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ ပြပျောက်ကြားတပ်ဖွဲ့ (YUG) က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရွာငံ PDF က ထုတ်ပြန်ကြေညာထားသည်။

ဖိုးရှူးဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ ၂၂ ရက်အထိ (TPDF ) နှင့် (YUG) ပူးပေါင်းတပ်စခန်းရှိရာသို့ အာဏာသိမ်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးရာ၌ လိုက်ပါကူညီခဲ့သူဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီ နှင့် ရဲများက လာရောက်စစ်ဆေး သယ်ဆောင်သွားပြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...