ဖမ်းဆီးခံ CDM ဆရာမများ မိသားစုဝင်များနှင့် အဆက်အသွယ် မရ’

ဖမ်းဆီးခံ CDM ဆရာမများ မိသားစုဝင်များနှင့် အဆက်အသွယ် မရ’

မြိတ်မြို့ရပ်ကွက် အချို့မှ CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဆရာ/ဆရာမ ၃ ဦးကို စစ်ဘက်ရေး ရာလုံခြုံရေး တပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက် အသွယ် မရသေးဟု နီးစပ်သူများနှင့် မြို့ခံများက ပြောသည်။

CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဆရာ/ဆရာမ ၃ ဦးကို ဇူလိုင်လ ၁၄ ရက်နေ့၊ ညပိုင်းက နေအိမ်များတွင် ဝင် ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

“အခုထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့သိရတယ်။ စိတ်ပူနေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိကြဘူး။ စစ်ကြောရေး ဝင်တယ်ဆိုတော့ စိုးရိမ်နေကြတယ်” ဟု ဖမ်းဆီးခံရသူ ဆရာမတစ်ဦး၏ ဆွေမျိုးနီး စပ်တော်သူ တစ်ဦးက ပြောသည်။

ဧည့်စာရင်းစစ်မည်ဟု ဆိုကာ စရဖနှင့် ရဲတပ်ဖွဲ့ဝင်များက မြိတ်မြို့ ကွန်ပြူတာတက္ကသိုလ်က CDM ပြုလုပ်ထား သူ မော်ကွန်းထိန်း ဆရာမ ဒေါ်သီသီဆွေကို နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု ကြောင်ငယ်ရပ်ကွက် တွင် နေထိုင်သူများက ပြောသည်။

အလားတူ CDM လုပ်ထားသည့် မြိတ်နည်းပညာတက္ကသိုလ်က ဆရာမ ဒေါ်အိအိဖြိုးနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းက ဆရာ ဦးအာကာမောင် တို့  ၂ ဦး ကိုလည်း ဇူလိုင်လ ၁၄ ရက်နေ့၊ ညပိုင်းတွင်ပင် ထပ်မံဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

CDM  ဆရာ/ဆရာမ ၃ကို ဖမ်းဆီးသွားပြီး မြိတ်လေတပ်စခန်း ဌာနချုပ်တွင် စစ်ကြောမေးမြန်းလျက် ရှိနေသည် ဟု ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။ သို့သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု မိသားစုနှင့် နီးစပ်သူများ က ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့ က Kaung For You (K4U) Education ကျောင်း စတင်တည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း မြိတ်မြို့က ဆရာ/ဆရာမ ၃ ဦး အဖမ်းခံရခြင်းလည်း ဖြစ်သည်။

Kaung For You (K4U) Education စာသင်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ၏ အသိ အမှတ်ပြုထားသည့် ကျောင်းဖြစ်ပြီး စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းများတွင် မတက်ရောက်လိုသော ကျောင်းသားများအတွက် ကြားကာလပညာရေးကို သင်ကြားနိုင်ရန် တည်ထောင်ခဲ့သည့် အွန်လိုင်း စာသင် ကျောင်းတစ်ကျောင်း ဖြစ်သည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...