ဧရာဝတီ-ရန်ကုန်လမ်းတလျောက် ဂိတ်များတိုး၊

ဧရာဝတီ-ရန်ကုန်လမ်းတလျောက် ဂိတ်များတိုး၊

ဧရာဝတီတိုင်း မှ ရန်ကုန်တိုင်းသို့ ဆက်သွယ်ထားသည့် ကားလမ်းမများတွင် ငွေတောင်းသည့် ဂိတ်များ ပိုများ ပြားလာသဖြင့် ခရီးသည်တင်ယာဥ် နှင့် ကုန်စည်ပို့ယာဥ်မောင်းများ အခက်ကြုံနေရသည်ဟု သိရသည်။

ရန်ကုန် မှ ဧရာဝတီတိုင်းသို့ ဆက်သွယ်ထားသည့် လမ်းများတွင် လမ်းနှင့် တံတားအသုံးပြုခ ကောက်ခံရေး ဂိတ် များ၊ မြို့ဝင်ဂိတ်များအပြင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များကပါ ဖြတ်သန်းခ တောင်းခံနေခြင်းကြောင့် ဖြစ်သည် ဟု ကုန်စည် နှင့် ခရီးသည် ပို့ဆောင်ရေး ယာဥ်အသင်းများ ထံမှ သိရသည်။

ပုသိမ်-ရန်ကုန် ကုန်စည်ပို့ဆောင်ရေး ယာဥ်မောင်းတစ်ဦး က “အရင်က ပုသိမ်-ရန်ကုန် လမ်းမှာ ၃ နေရာပဲ ပေးရ တယ်။ အခု ၁၅ နေရာလောက် ပေးနေရတယ်” ဟု ပြောသည်။

ကားများမှာ ဂိတ်ဖြတ်သန်းခ အတွက် အနည်းဆုံး ကျပ် ၂၀၀၀ ကျပ် ပေးနေရပြီး မကြာခန ရပ်တန့်စစ်ဆေး ခံနေ ရခြင်းနှင့် မြင့်တက်နေသော စက်သုံးဆီ၊ ချောဆီစျေးနှုန်းကြောင့် အဆင်မပြေဖြစ်နေကြရသည်ဟု အဆိုပါ ယာဉ် မောင်း က ဆက်ပြောသည်။

ခရီးသည်တင် ယာဥ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဥ်များ နှင့် အိမ်စီးကားများသာမက ဆိုင်ကယ် မောင်းသူများ ထံကပါ ဂိတ်ဖြတ်ကြေး ၂၀၀ ကျပ် တောင်းနေသည်ဟု ဆိုင်ကယ်ဖြင့် ခရီးသွားလာသူ အချို့က ပြောသည်။

“ဘယ်ဂိတ်ပဲဖြစ်ဖြစ် သေနတ်ပစ်မှာ စိုးလို့ ရပ်မပေးလို့ မဖြစ်ဘူးလေ။ ရပ်ပေးပြန်တော့လည်း စစ်ဆေးတာက ကြာသေး။ ပိုက်ဆံကလည်း တောင်းသေး။ မပေးနိုင်ပြန်ရင် ရစ်နေရောဗျာ” ဟု မအူပင်မြို့က မိသားစုပိုင် ကား မောင်းသူတစ်ဦး က ပြောသည်။

စစ်ကောင်စီက နယ်မြေစိုးမိုးရေး နှင့် စစ်ဆေးဂိတ်များတွင် တာဝန်ကျသည့် စစ်သားများကို လစာနှင့် ရိက္ခာများ ပေးလိုက်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ရောက်ရာ အရပ်တွင် ငွေကြေးတောင်းခြင်း၊ ရိက္ခာတောင်းခြင်းတို့ကို လုပ် နေခြင်းဖြစ်သည်ဟု စစ်ဆေးရေးဂိတ်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်း အတွင်းရှိ မြို့ ပေါင်း ၃၃ မြို့ မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ယာဥ်လိုင်းပေါင်း ၁၀၀ ကျော်ရှိကာ အဆိုပါ လိုင်းများမှ ယာဥ်များမှာ ရန်ကုန်မြို့အဝင် ပန်တိုင် စစ်ဆေးဂိတ်ကို တစ်နေ့ ကြိမ်ရေ ၄၀၀ နီးပါးကျော် ဖြတ်သန်းမှု ရှိနေသည်ဟု ယာဥ်များ စနစ်တကျပြေးဆွဲရေးအဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...