မိုးမိတ်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း တူးထားရ

မိုးမိတ်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း တူးထားရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသဖြင့် ပြည်သူများ ဗုံးခိုကျင်း တူးထားရကြောင်း သတင်းသိရသည်။

ဇူလိုင် ၁၀  ရက် နံနက်အစောပိုင်းမှ စတင်ပြီး နေ့ခင်းပိုင်းအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ပစ်ခတ်တိုက်ခိုက်နေကြစဥ်တွင် အနီးရှိပြည်သူများက ဗုံးခိုကျင်း အတွင်းသို့ ခိုအောင်းနေကြရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်ရင် လက်နက်ကြီးတွေပါ သုံးကြတော့ စင့်ကင်ကျေးရွာ၊ ပင်ရှားစေးကျေးရွာ တို့မှာဗုံးခိုကျင်းတွေ တူးထားရတယ်၊ မိသားစုကြီးတဲ့သူက တစ်အိမ် တစ်ကျင်းပေါ့၊ မိသားစု သိပ်မကြီးတဲ့သူ အိမ်နီးချင်းတွေက အတူတူခိုနေရတာမျိုးရှိတယ်” ဟု ဆင့်ကင်ကျးရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင် ၁၀  ရက် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခရိုင်မှူးအရာရှိ တစ်ယောက်အပါအဝင် စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်း တပ်ဖွဲ့ဖြစ်သည့် KIA နှင့် PDF ဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့ တို့ ထိပ်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က သွားလာလှုပ်ရှားလျက်ရှိကြောင်း သတင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...