မောင်တောမြို့ ညမထွက်ရအမိန့် ၂ လ ထပ်မံတိုးမြှင့်

မောင်တောမြို့ ညမထွက်ရအမိန့် ၂ လ ထပ်မံတိုးမြှင့်
by -
မဇ္ဈိမ
နယ်စပ်မတည်ငြိမ်မှုများနှင့် တပ်မတော်၏ အင်အားဖြည့် လုံခြုံရေးတိုးမြှင့် ထားရသည့် ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသော ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ ဆက်လက်၍ (၂) လထိ ထပ်မံ တိုးမြှင့်လိုက်သည်။

မောင်တောမြို့နယ်၏ ညမထွက်ရအမိန့်အား ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီနှင့် ည ၉ နာရီမှ နံနက် ၅ နာရီကြား လုံခြုံရေးအခြေအနေများအရ လိုအပ်သလို တိုးလျော့သတ်မှတ်ပေးနေခြင်းဖြစ်ပြီး ၅ နှစ်တာကာလအတွင်း အပြီးတိုင်ရုတ်သိမ်းနိုင်ခြင်း မရှိသေးဟု မောင်တောမြို့နယ် အုပ်ချူပ်ရေးမှူး ဦးမြင့်ခိုင်က RiA သို့ပြောသည်။

“၂၀၁၂ နှစ် လူမျိုးရေးပဋိပက္ခတွေ ဖြစ်တဲ့အချိန်တည်းက ညမထွက်ရအမိန့်ထုတ်ခဲ့ပါတယ်။ ဒါဟာ အချိန်တွေ ကွာတယ်။ ငြိမ်းချမ်းတဲ့အချိန်မှာ တစ်မျိုး။ မငြိမ်းချမ်းတဲ့အချိန်မှာ တစ်မျိုးပေါ့။ ငြိမ်းချမ်းရင် ငြိမ်းချမ်းသလို အမိန့်ထုတ်ရတယ်။ မငြိမ်းချမ်းရင် မငြိမ်းချမ်းသလို တိုးမြှင့်တာဖြစ်ပါတယ်” ဟုမောင်တောမြို့နယ် အုပ်ချူပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

အဆိုပါ ညမထွက်ရအမိန့် ထပ်မံတိုးမြှင့်ကြောင်းကို သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် သြဂုတ်လ ၃ ရက်နေ့က မြိုတိုင်းရင်းသား ၆ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသလို သြဂုတ်လ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း သံသယရှိသူအချို့အား ဝင်ရောက်ဖမ်းဆီးရာတွင် ဒေသနေ ကျေးရွာသူ၊ ရွာသား (၆၀၀) ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုများကို အာဏာပိုင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။

ထို့နောက် သြဂုတ်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ အခြေအနေများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး ယနေ့ သြဂုတ် ၁၀ ရက်နေ့တွင် ရခိုင်နယ်စပ် မောင်တောဒေသသို့ တပ်မတော်အင်အားများ အလုံးအရင်း ဖြည့်တင်းမှုများအား ဆောင်ရွက်လျက်ရှိသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...