ဟားခါးမြို့တွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ညနေပိုင်းတွင် ပြန်လွှတ်

ဟားခါးမြို့တွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ညနေပိုင်းတွင် ပြန်လွှတ်

ချင်းပြည်နယ် ဟားခါးမြို့ အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ဆော့ကစားနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ကလေးငယ်အပါအဝင် ကလေးငယ် လေးယောက်တို့သည် ကျောင်းဝန်းထဲတွင် ဆော့ကစားနေခဲ့ကြပြီး ကျောင်းဆောင်ပြူတင်းပေါက်မှန်အား ပေါက်ခွဲမိခဲ့ရာ သူငယ်ချင်းသုံးယောက်မှာ ထွက်ပြေးကာ တစ်ယောက်တည်းကျန်နေခဲ့စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးထံမှ သိရသည်။

အသက်မပြည့်သေးသော ဆယ်ကျော်သက်ကလေးငယ်ကို ဇူလိုင် ၁၀ရက်နေ့ နေ့ခင်း နှစ်နာရီခွဲဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဟားခါးမြို့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ထို့နောက် အဆိုပါကလေးငယ်၏ မိဘများနှင့်အတူ အသင်းတော်မှ သင်းအုပ်ဆရာများမှ ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ထို့နေ့ ညနေ ခြောက်နာရီဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဟားခါး ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထို့နေ့က စစ်ကား ၃ စီးဖြင့် အမှတ် ၄ အခြေခံအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး စစ်သားနှင့် အိုးခွက်၊ ပန်းကန် အသုံးဆောင်ပစ္စည်းများအား ကျောင်းဝန်းထဲသို့ချထားပြီးနောက် ပြန်လည်ထွက်ခွါသွားကြသည်ဟု သိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...