လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ

လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ

လွတ်မြောက်နယ်မြေရောက် စစ်ရှောင်ကလေးများကို ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ များ လိုအပ်နေကြာင်း တောင်ကြီးပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ မှ စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြည်သူများက အဖက်ဖက် တော်လှန်ခဲ့ကြပြီး တဖက်မှာလည်း ပြည်သူ့တပ်မတော် (PDF) တပ်ဖွဲ့များ ဖွဲ့စည်းလာသည်။

ထို တစ်နှစ်ကျော် အတွင်း PDF တပ်ဖွဲ့များ ဖွဲ့စည်းလာပြီးနောက် စစ်ကောင်စီ နှင့် တိုက်ပွဲများ ဖြစ်ပွားကာ ပြည်သူများ စစ်ဘေးရှောင်လာရသည်။

ထို့ကြောင့် လွတ်မြောက်နယ်မြေတွင်ရှိသော စစ်ဘေးရှောင်ကလေးများ၏ အနာဂတ် ပညာသင်ကြားပေးရေးအတွက် ထိုနယ်မြေ၌ ကျောင်းများဖွင့်လှစ်ထားပြီဖြစ်၍ ထိုကလေးများကို ပညာသင်ကြားပေးရန် ဆရာ၊ ဆရာမများအင်အား အမြောက်အများ လိုအပ်နေကြောင်း သိရှိရသည်။

အဆိုပါ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးပါက ၎င်းသင်ကြား ပေးသော ဆရာ၊ဆရာမ များကို စားဝတ်နေရေး နှင့် လုံခြုံရေးများကို အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်ကြောင်း ဆိုသည်။

စစ်ရှောင်ကလေးများကို ပညာသင်ကြားပေးနိုင်သော ဆရာ၊ဆရာမများသည် သင်ကြားမှုအပေါ် အမှန်တကယ် စေတနာထားရှိထားသူများ၊ မည်သူမဆို သင်ကြားရေးတွင် စိတ်ဝင်စားကြသူများဖြစ်ရန်လိုအပ်ကြောင်း တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးရေး စိတ်ဝင်စားသူများသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမ္မ (page messenger) ထံ ဆက်သွယ်နိုင်သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...