PDF တစ်ဦး ဖမ်းပေးပါက ၁၅ သိန်းပေးမည်ဟု ကြေညာ

PDF တစ်ဦး ဖမ်းပေးပါက ၁၅ သိန်းပေးမည်ဟု ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝင် တစ်ဦး ဖမ်းပေးလျှင် ၁၅သိန်း ဆုချမည်ဟု ကော့သောင်းတွင် လိုက်လံ ကြေညာနေသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စစ်ကောင်စီက PDF များအား ဖမ်းဆီးနိုင်ရန် အတွက် သတင်းပေးပို့ခြင်းနှင့် ဖမ်းဆီးပေးနိုင်သူများအား အမြင့်ဆုံး ဆုငွေကျပ် ၁၅ သိန်းပေးမည်ဟု မြို့တွင်း လှည့်လည် ကြေညာနေသည်ဟု ဒေသခံများက ပြောသည်။

ရွှေဟင်္သာရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်းနေသူတစ်ဦးက “ဒါဟာ မြို့ခံတွေကို ဆုငွေနဲ့ မက်လုံးပေး စည်း ရုံးတာနဲ့ အတူတူပဲ။ မတည့်တဲ့လူငယ်တွေအတွက် မနာလို ခြေထိုးကုန်းတိုက်ဖို့ အကွက်တစ်ခု ရသွားတာမို့ ပြည် သူ အချင်းချင်း ရန်တိုက်သွေးခွဲတဲ့ လုပ်ရပ်တစ်ခုလို့ မြင်တယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဇူလိုင် ၅ ရက်နေ့ ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်း နေရာအနှံ့  လော်စပီကာ တပ်ဆင်ထားသည့် ကားတစ်စီးဖြင့် လှည့်လည်ကြေညာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါကားကိုလည်း လုံခြုံရေး အပြည့်ယူပါသည့် ကားငယ် ၄ စီးဖြင့် အရှေ့အနောက်ဝန်းရံထားကာ လှည့်လည် ခဲ့ခြင်းဖြစ်သည်။

PDF များ၏ တည်နေရာနှင့် ပုန်းခိုနေသည့် နေရာများကို သတင်းပေးနိုင်သူအား ဆုငွေ ငါးသိန်းကျပ်၊ PDF တစ်ဦး အား ကိုယ်တိုင်ဖမ်းဆီးပေးနိုင်သူအား ဆုငွေ ကျပ် ၁၅ သိန်း ဆုချသွားမည်ဟု လိုက်လံကြေညာခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

PDF များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိလာပါက ဆက်သွယ် သတင်းရမည့် ဖုန်းနံပါတ်များ ကိုလည်း ကြေညာသွားခဲ့သေးသည်ဟု ရွှေဟင်္သာရပ်ကွက်နေ ပြည်သူများက ပြောသည်။

ထို့အပြင် PDF များနှင့် ပတ်သက်သည့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများ၏ လုံခြုံရေးကိုလည်း အထူး လျှို့ ဝှက်ပေးသွားမည် ဖြစ်ပြီး ဆုကြေးငွေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်ပေးမည့်အပြင် မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများမှလည်း ထပ်မံပေးသွားဦးမှာ ဖြစ်ကြောင်း မက်လုံးပေးကာ လိုက်လံကြေညာ သွားသည်ဟု  မြို့ခံ များက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...