စစ်တွေ အထက(၄)တွင် ရာသီတုတ်ကွေးရောဂါအကြောင်း ပညာပေးဟောပြော

စစ်တွေ အထက(၄)တွင် ရာသီတုတ်ကွေးရောဂါအကြောင်း ပညာပေးဟောပြော
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေရှိ အထက (၄) တွင် အမျိုးသမီးရေးရာနှင့် ကျန်းမာရေးဌာနမှ ပူးပေါင်း၍ ရာသီတုတ်ကွေးရောဂါ ကာကွယ်မှု ပညာပေးဟောပြောပွဲတစ်ခုကို သြဂုတ်၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းပညာပေး ဟောပြောပွဲကို အထက၄ ကျောင်းရှိ မဟာပညာကျော်ခန်းမ၌ ပြုလုပ်ခဲ့ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တင်ရောက်ခဲ့သည်။

” အခု ရာသီတုတ်ကွေးတွေ ဖြစ်နေတယ်လေ။ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေလည်း ဒီလို အသိပညာ ရှိဖို့လိုတယ်။ ဒီလို ပညာပေးဟောပြောမှ ရောဂါဖြစ်တာလည်း နည်းပါးလာမယ်။ ကူးစက်တာလည်း နည်းလာမယ်” ပညာပေးဟောပြောသည့် ဒေါက်တာ ဒေါ်ကျော့သာစိန် က ပြောသည်။

ထို ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား သန် ့ရှင်းသပ်ရပ်စွာ နေထိုင်ရန်နှင့် လက်ကို သန့်ရှင်း စင်ကြယ်အောင် ဆေးရန် စသည့် ဗဟုသုတများကိုလည်း လက်တွေ့ သရုပ်ပြ ပညာပေးမှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဟောပြောပွဲအား တက်ရောက်ခဲ့သူ ကျောင်းသူ မမေမိုးထက်လှိုင်က ” ဒီလို ပညာပေး ဟောပြောပွဲ ပြုလုပ်တဲ့ အတွက် ပိုပြီး ဗဟုသုတတွေရရှိတယ်လို ့ ခံစားရပါတယ်။ဘယ်လို ကာကွယ်ရင် ဒီသွေးလွန်တုတ်ကွေး ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာကို သိရှိရတဲ့ အတွက် အများကြီး အကျိုးကျေးဇူး ရရှိပါတယ်” ဟု ပြောသည်။

ထိုကဲ့သို ့ ရာသီတုတ်ကွေးပညာပေးမူအား စစ်တွေတစ်ခုတည်းတွင်သာ မဟုတ်ဘဲ တစ်ခြားမြို့နယ် ကျေးရွာများတွင်လည်း ပြုလုပ်နေသည် ဟု ဒေါက်တာဒေါ်ကျော့သာစိန် ကပြောသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...