လားဟူ LDU တာဝန်ရှိသူများ စကစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွား

လားဟူ LDU တာဝန်ရှိသူများ စကစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွား

စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျားဆော်လမွန် ဦးဆောင်သော အဖွဲ့သားများသည် နေပြည်တော်သို့ စတင်ထွက်ခွာသွားကြောင်း သတင်းသိရသည်။

ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် တာချီလိတ်လေဆိပ်သို့ ရောက်ရှိလာကြောင်း LDU နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ချင်းမိုင်ကနေ တာချီလိတ်လေဆိပ်ကို အရင်ရောက်ပါတယ်၊ အဲ့မှာ တာချီလိတ်မြို့က စစ်ဗျူဟာ အဖွဲ့ (အခြေချ) ဗိုလ်မှူးကြီး နဲ့ ဌာနဆိုင်ရာတွေ၊ ဒေသခံ တိုင်းရင်းသားတွေက လာကြိုဆိုကြပါတယ်၊ အဲ့ကနေ နေပြည်တော်ကို ဆက်သွားရတာပေါ့” ဟု ၎င်း ကပြောသည်။

စစ်ကောင်စီ ဆွေးနွေးပွဲ တက်ရောက်မည့် LDU အဖွဲ့သားများကို ကျားဆော်လမွန် ဦးဆောင်ထွက်ခွာကြောင်း သတင်းသိရသည်။

“ကျားဆောင်လမွန်တို့က မနက်ဖြန်မှာဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့မယ်၊ နောက်နေ့ တွေမှာ ကျတော့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အစီအစဥ် သိရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် LDU အနေဖြင့် စစ်အာဏာသိမ်း ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကို တက်ရောက်မည်မဟုတ်ကြောင်း LDU ဥက္ကဌနှင့် ဒုတိယဥက္ကဌ တို့က လက်မှတ်ရေးထိုးထားသည့်အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မည်ဟု ကြေညာသည့် LDU ပါတီအဖွဲ့ဝင် ခေါင်းဆောင် များကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...