တိုုင်းရင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံု

တိုုင်းရင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ (DPN) တိုု့၏ ဆဌမအကြိမ်မြောက် တရားဝင်တွေ့ဆုံုဆွေးနွေးပွဲကိုု ဒီကနေ့ ရန်ကုုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုုဌာန NRPC မှာ ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့သည်။

နှစ်ဖက်တွေ့ဆုံုဆွေးနွေးပွဲတွင် NCA အပစ်ရပ်လက်မှတ် မရေးထိုုးကြရသေးတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်တဲ့ ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တင်ပြထားသော အချက် ၉ ချက် ကိုု အဓိကထားဆွေးနွေးသွားမည်ဟုု သိရသည်။

ဒါ့အပြင် ဥပဒေကြောင်းအရ တရားဝင်မှု Legal Binding နှင့်ပတ်သက်၍ ဆွေးနွေးသွားဖိုု့ရှိပြီး တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးရေး ကိစ္စများကိုုလည်း ဆွေးနွေးသွားကြမည်ဟုု သိရသည်။

အစည်းအဝေးကိုု ငြိမ်းချမ်းရေး ကော်မရှင် PC မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်တဲ့အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးနေကြသည်။

ညီညွတ်သော တုုိင်းရင်းသားလူမျိုုုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP၊ ရခိုုင်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုုကရက်တစ်အစည်းအရုံုး LDU နဲ့ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP အဖွဲ့ဝင်များ ပါ၀င်ဖွဲ့စည်းထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...