ဖက်ဒရယ်ပြည်ထောင်စုုတည်ဆောက်ရေး ပန်းတိုုင်ထိချီတက်ဖိုု့ KNU ခေါင်းဆောင်ပြော

ဖက်ဒရယ်ပြည်ထောင်စုုတည်ဆောက်ရေး ပန်းတိုုင်ထိချီတက်ဖိုု့ KNU ခေါင်းဆောင်ပြော
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးထားသော တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ Amora Tapae Hotel တွင် သြဂုုတ်လ ၉ ရက်နေ့၌ စတင်ကျင်းပနေသည်။

အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ် ဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဌ ဗိုုလ်ချူပ်ကြီး မူတူးစေးဖိုုး က တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် NCA သဘောတူစာချူပ်ကိုု လက်မှတ်ရေးထိုုးပြီး ဆက်လက်ချီတက်နေရာမှာ အားနည်းချက်တွေ ရှိနေတယ်လိုု့ ပြောဆိုုလိုုက်သည်။

"ကျနော်တို့ NCA ကို ကျနော်တို့ လက်မှတ်ထိုးပီး ချီတက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ရှေ့ကို လှမ်းနိုင်ဖို့ ဒီအားနည်းချက်တွေကို လွန်ခဲ့တဲ့ အပတ် လေးဝါးမှာ ရီဗျူး (review) ပြန်လည်ပီးတော့ သုံးသပ်တဲ့အခါ အားနည်းချက်တွေ အားသာချက်တွေ ရခဲ့တယ်။ ခု အစည်းအဝေးမှာ ပြန်စုစည်းပီး ရှေ့ကို ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်း ကျနော်တို့ ၈ ဖွဲ့သွားနိုင်ဖို့ အတွက် ဖြစ်ပါတယ်။"

တဆက်တည်းမှာပဲ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံုး မျှော်မှန်းထားကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုု တည်ဆောက်ရေး ပန်းတိုုင်ကိုုရောက်အောင် ချီတက်ကြဖိုု့လည်း တိုုက်တွန်းပြောဆိုုခဲ့သည်။

"ကျနော်တို့ ၈ဖွဲ့က NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NCA လုပ်ငန်းတွေ သွားရင်းနဲ့ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကျနော်တို့ ရင်ဆိုင်နေရတယ်။ ဝေဖန်မှုအမျိုးမျိုးလည်း ကျနော်တို့ ကြံုခဲ့ရတယ်။ အပြစ်တင်တာလည်း ကျနော်တို့ ကြံုခဲ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ကျနော်တို့ တိုင်းပြည်တပြည် လုံးအတွက် ငြိမ်းချမ်းရေးကို ချီတက်နေတယ်။ အဲဒီငြိမ်းချမ်းရေးက အဆုံးသတ် ပန်းတိုင်ကတော့ ကျနော်တို့ တိုင်းပြည်အတွက် ဖယ်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပီး ချီတက်နေတာ ဖြစ်တယ်။ အဲဒီ အတွက် သွားတဲ့အခါ တဆင့်ပီးတဆင့်သွားခဲ့တယ်။ တဆင့်ပီးတဆင့် ကျော်လွှားပီး ဒီအဆင့်ထိ ရောက်ခဲ့တယ်။ ဆက်ပီးတော့ ပန်းတိုင်ကို ရောက်ဖို့ ဆက်သွားရအုံးမယ်။"

နှစ်ရက်ကြာကျင်းပမည့် အစည်းအဝေးတွင် တိုုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် အလုုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒိုုစောကွယ်ထူးဝင်း မှ NCA-S EAO ၏ လုုပ်ငန်းဆောင်ရွက်မှုဆိုုင်ရာများကိုု ခြံုငုံုသုံုးသပ်တဲ့ တင်ပြမှုတွေ ပြုလုုပ်သွားမှာဖြစ်တယ်လိုု့လည်း သိရသည်။

တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံုးသပ်ခြင်းဆိုုင်ရာ ကိစ္စတွေကိုုလည်း ဆွေးနွေးကြဖိုု့ရှိပြီး နိုုင်ငံရေး ဆွေးနွေးရေး ဆိုုင်ရာ မူဘောင်ကိစ္စတွေနဲ့ တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် အကောင်အထည်ဖော်မှုဆိုုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိစ္စတွေကိုု ဆွေးနွေးပြီး ရှေ့လုုပ်ငန်းစဉ်တွေကိုု ချမှတ်သွားကြမှာဖြစ်တယ်လိုု့လည်း သိရသည်။

အပစ်ရပ် ၈ ဖွဲရဲ့ တိုုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် အလုုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒိုုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ ၂၃ ဦးပါ ကော်မတီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုုင်လ ၂၀ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံုး KNU ဌာနချူပ် ရှိရာ လေးဝါးစခန်းမှာ NCA လက်မှတ်ရေးထိုုးပြီးနောက် အကောင်အထည်ဖော်မှု ဆိုုင်ရာကိစ္စတွေမှာ အဟန့်အတားဖြစ်နေမှုတွေအပေါ် ပြန်လည်သုံုးသပ် ဆွေးနွေးခဲ့ပြီး အခုုထိပ်သီးအစည်းအဝေးမှာ တင်ပြသွားဖိုု့ရှိတယ်လိုု့လည်း သိရသည်။

NCA အပစ်ရပ် ၈ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ပါ၀င်ပြီး ၂၀၁၅ ခုုနှစ် အောက်တိုုဘာလ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုုးထားတဲ့အဖွဲ့တွေ ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...