မေယုဒေသအရေးနှင့်ပတ်သက်၍ ရခိုင်တစ်ပြည်နယ်လုံး သြဂုတ်လ ၁၃ ရက်နေ့တွင် ဆန္ဒပြမည်

မေယုဒေသအရေးနှင့်ပတ်သက်၍ ရခိုင်တစ်ပြည်နယ်လုံး သြဂုတ်လ ၁၃ ရက်နေ့တွင် ဆန္ဒပြမည်
by -
နိရဥ္စရာ
အစည်းအဝေးပြုလုပ်နေသည့် ဓာတ်ပုံ
အစည်းအဝေးပြုလုပ်နေသည့် ဓာတ်ပုံ
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်နယ်မြေများပါ၀င်သော မေယုဒေသ အတွင်း ဖြစ်ပွားနေသော အကြမ်းဘက်မှုများနှင့် ပတ်သက်၍ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆန္ဒပြပွဲတစ်ရပ်ကို သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါဆန္ဒပြပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ဦးဆောင်ပါ၀င် ဖွဲ့စည်းထားသော ဦးဆောင်ကော်မတီက တာဝန်ယူ၍ ပြုလုပ်သွားမည်ဖြစ်သည်။

သြဂုတ်လ ၆ ရက်နေ့က စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးတွင် ပြုလုပ်သော အစည်းအဝည်းမှ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ရန် သြဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက မိုးကုတ်ကျောင်းတွင် ပြုလုပ်သော အစည်းအဝေးက ယင်းသို့ ဆန္ဒပြရန်ဆုံးဖြတ်ခဲ့ကြခြင်းသည်။

“ယခု လက်ရှိရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ အကြမ်းဘက်မှုတွေဟာ အင်္ဂလိပ်ခေတ်က ဘင်္ဂါလီတွေကို သွင်းခဲ့တဲ့ဆိုးမွေ၊ ဖဆပလခေတ်က ခိုးဝင်ဘင်္ဂါလီတွေကို ကတ်ထုတ်ပေးခဲ့တဲ့ အကျိုးဆက်နဲ့ ခေတ်အဆက်ဆက် အစိုးရလက်ထက်တွေမှာ အာဏာပိုင်တွေက ခိုးသွင်းခဲ့ကြတဲ့ ဒဏ်တွေကို အခုစုပြီး ခံနေရတာပါ”ဟု ရခိုင်သမိုင်းသုတေသီ ဦးမောင်ဗသိန်းက ပြောသည်။

သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များနှင့်တွေ့ဆုံရာတွင် နယ်စပ်ဒေသ ကာကွယ်ရေးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်တွယ်သော ကိစ္စရပ်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က မလုပ်နိုင်သော ကိစ္စရပ်ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း အောင်မြေကုန်းဆရာတော်က အစည်းအဝေးတွင် မိန့်ကြားခဲ့သည်။

သြဂုတ်လ ၁၃ ရက်နေ့ဆန္ဒပြရာတွင် ဌာနေတိုင်းရင်းသားများ လုံခြံုရေးအတွက် လက်နက် ကိုင်ပြည်သူ့စစ် ဖွဲ့စည်းပေးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေကို တိတိကျကျ အကောင်အထည် ဖေါ်ဆောင်ရွက်ပေးရး၊ UNHCR ၊ WFP အပါ၀င် နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး ရခိုင်ပြည်မှ အမြန်ဆုံးထွက်ခွာပေးရေးတို့ တောင်းဆိုမှုအပြင် ဘင်္ဂါလီအကြမ်းဘက်သမားများအား အမြစ်ပြစ် ချေမှုန်းပေးရေးနှင့် ရခိုင်ပြည်နယ် လုံခြံုမှုအတွက် အစိုးရမှ အလုံးစုံ တာဝန်ယူ ဆောင်ရွက်ပေးရေးတို့ကိုလည်း ကြွေးကြော်ဆန္ဒပြ တောင်းဆိုသွားမည်ဟု သိရသည်။

ယင်းအပြင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ စာရေးသား၍ တောင်းဆိုမှု ပြုလုပ်သွားမည်ဟု ဆိုသည်။

ယင်းတောင်းဆိုစာထဲတွင် “လုံခြံုရေးတပ်ဖွဲ့များကို အကြမ်းဘက်ဘင်္ဂါလီ သောင်းကျန်းသူများ ချုပ်ငြိမ်းကွယ်ပျောက်သွားသည်အထိ အင်အားထပ်ဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန်”အချက်လည်း ပါ၀င်သည်ဟု သိရသည်။

အစည်းအဝေးသို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိရဟန်းတော်များအပါအဝင် ၂၄ ပါးနှင့် လူပေါင်း ၄၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...