မူစယ်တဘက်ခြမ်း ရွှေလီမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို တရုတ်အာဏာပိုင်များအပြင်းအထန် စစ်ဆေးဖမ်းဆီး

မူစယ်တဘက်ခြမ်း ရွှေလီမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို တရုတ်အာဏာပိုင်များအပြင်းအထန် စစ်ဆေးဖမ်းဆီး
by -
သျှမ်းသံတောဆင့်
တရုတ်ဘက်ခြမ်းဝင်ရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် ပတ်စပို့စာအုပ်များ
တရုတ်ဘက်ခြမ်းဝင်ရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် ပတ်စပို့စာအုပ်များ
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ရွှေလီ(မိုင်းမောဝ်)ဒေသမှာ ခုတလော တရုတ်အာဏာပိုင်တွေကနေ တရားမဝင်နေထိုင်အလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေသည်ဟု သိရသည်။

အခုလဆန်းကစပြီး တရုတ်အာဏာပိုင်တို့က ဖမ်းဆီးမှုတွေပြုလုပ်လာနေကြကြောင်းသိရသည်။

တရက်ကို မြန်မာနိုင်ငံသား ၈၀ ကနေ ၁၀၀ အထိဖမ်း ဆီးနေပြီးတော့ တရုတ်ဘက်ခြမ်းက ထောင်ထဲမှာ ၃ လကနေ ၆ လအထိ ထောင်ချပြီးမှပြန်လွှတ်ပေးတယ်လို့ ရွှေလီဘက်မှာနေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

"လုပ်ငန်းခွင်တွေမှာ ၊ လမ်းပေါ်မှာ ၊အလုပ်သမားတန်း လျားတွေမှာ ၀င်ရောက်စစ်ဆေးပြီးဖမ်းဆီးနေတာ။ မူးယစ်ဆေးဝါးမှုပါရင်ပိုဆိုးတယ်။ ၂ နှစ် ၃ နှစ်ထောင်ချပြီးမှ ပြန်လွတ်ပေးတာ။ "-ဟု ရွှေလီဒေသခံ စိုင်းခမ်းစက်က ပြောသည်။

ရွှေလီမှာနေထိုင်အလုပ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသားများသည် အစိမ်းရောင်ပတ်စပို့ကိုင်ဆောင်ရမှာဖြစ်ပြီး အဲဒီအတွက် တရုတ်ငွေ ယွမ် ၂၀၀ (မြန်မာငွေ ကျပ် ၅ သောင်း)လောက် ကုန်ကျရမှာဖြစ်သည်။

အဲဒီအစိမ်းရောင်ပတ်စပို့အတွက် တရုတ်သူဌေးကနေ အာမခံချက်ပေးရမှာဖြစ်ကြောင်း၊ တနှစ်ကို ၂ ကြိမ်သက်တမ်းတိုးရမှာဖြစ်ကြောင်း၊ သက်တမ်းတခါတိုးရင် ၆ လ နေထိုင်ခွင့်ရှိကြောင်း သိရသည်။

"အဲ့အစိမ်းရောင်စာအုပ် ကိုင်ဆောင်ရင် သွားလာလို့ရတယ်။ အလုပ်လုပ်လို့ရတယ်။ အရင်ကတော့ ရ ရက်သက်တမ်းရှိတဲ့ စာရွက်လုပ်ပေးတယ်။ ခုနောက်ပိုင်းတရုတ်ဘက်က လက်မခံတော့တာ။ မြန်မာဘက်ကအာဏာပိုင်တွေလုပ်ပေး တာက အဲဒီ ရ ရက်သက်တမ်းက ဓါတ်ပုံလဲမကြည်ဘူး။ မြန်မာနိုင်ငံဘက်က နေရပ်လိပ်စာလဲမပါဘူး ဆိုပြီးတော့လေ။ အနီရောင်စာအုပ်တော့ရတယ်။ ရ ရက်သက်တမ်း။ ဒါမယ့်တရုတ်ဘက်မှာအိပ်လို့မရဘူး။" - ဟု စိုင်းခမ်းစက်က သျှမ်းသံတော်ဆင့်ကိုရှင်းပြခဲ့သည်။

လုပ်အားခကတော့ အလုပ်အပေါ်မှာမူတည်ပြီးတော့ တစ်ရက်ကို ယွမ်ငွေ ၅၀ ကနေ ၈၀ အထိရရှိကြောင်း၊ လစားအလုပ်သမားတွေကတော့အနည်းဆုံး တလကိုယွမ်ငွေ ၁၅၀၀ ၀န်းကျင်ရရှိကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံဘက်ကနေသွားတဲ့ အလုပ်သမားတွေဟာ သစ်ဖြတ်စက် ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်တင်ကုန်ချ ၊ ကျောက်အရောင်းအဝယ် စသည့်အလုပ်တွေမှာ သွားရောက်လုပ်ကိုင်ကြသည်ဟု သိရသည်။

June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...
June 10, 2026
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်)...
June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...
June 8, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...