ကချင်ပြည်နယ်အတွင်းက CDM နှင့် စစ်ရှောင်များကို ကူညီနိုင်မည့် Application တစ်ခုကို ဖန်တီးနေ

ကချင်ပြည်နယ်အတွင်းက CDM နှင့် စစ်ရှောင်များကို ကူညီနိုင်မည့် Application တစ်ခုကို ဖန်တီးနေ

ကချင်ပြည်နယ်အတွင်းက CDM တွေနဲ့ စစ်ရှောင်တွေကို ကူညီနိုင်မယ့်အပြင် Clicker တွေကိုယ်တိုင် ဝင်ငွေရနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား သမဂ္ဂ နဲ့ N Wallet တို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အွန်လိုင်း ငွေကြေးတစ်ခုဖြစ်တဲ့ Crypto Currency နဲ့အသုံးပြုမယ့် မြန်မာနိုင်ငံသား တိုင်းရင်းသားပိုင် Crypto Wallet application တစ်ခုကို ကချင်ဒေသနဲ့ အနယ်နယ်အရပ်ရပ်က အကူညီ လိုအပ်တဲ့နေရာတွေကို ကူညီထောက်ပံ့မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းစီစဉ်နေတာဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ အဓိက ကျွန်တော်တို့ ရည်ရွက်ချက်ကတော့ CDM တွေရယ် စစ်ရှောင်တွေ ပြီးတော့ Disable တွေအတွက် ကျွန်တော်တို့ ရည်ရွယ်တယ်ပေါ့နော် ။ ဘာလို့လဲဆိုတော့ စစ်ပွဲတွေဖြစ်တော့ လုပ်ငန်းကိုင်ငန်းတွေလုပ်လို့မရတဲ့ ပြည်သူလူထုတွေရှိနေတယ်ပေါ့နော်။ CDM တွေဆိုလည်း လုပ်ငန်းတွေ မလည်ပတ်နိုင်ဘူးပေါ့နော် ။ အဲဒီလိုမျိုးဆိုတော့ ဒီ Click လေးနဲ့ သူ့တို့အတွက်ပြန်ပြီးတော့ Income ဖြစ်စေမယ့် အရာကိုစဉ်းစားတာပေါ့ အဲ့တာကြောင့် ကျနော်တို့ ဒါလေးကို ဆောင်ရွက်ဖြစ်တာပေါ့ ။ “ လို့ဆိုပါတယ်။

အဲဒီ အက်ပလီကေးရှင်းမှာ ဂိမ်းတွေဆော့ ၊ ကြော်ငြာတွေကြည့်ရင်းကနေ Token တွေရရှိမှာဖြစ်ပြီး ရရှိလာတဲ့ Token တွေကို အမေရိကန် ဒေါ်လာနဲ့ တိုက်ရိုက်လဲလှယ်လို့ရပြီးတော့ Clicker တွေကိုယ်တိုင်လည်း ဝင်ငွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

” ဒီ N-Wallet က တော့ Digital Wallet တစ်ခုပေါ့နော် ။ ဒီ Wallet ထဲမှာ ငွေသွင်းငွေထုတ်တာတွေ လုပ်လို့ရမယ်။ ပြီးရင် ငွေကြေးလှဲလှယ်မှုတွေ အလွယ်တကူ လုပ်လို့ရမယ်ပေါ့နော် ။ သတ်မှတ်ထားတဲ့ ဂိမ်းလေးတွေဆော့ရင်း ရလာမယ့် n တိုကင် လေးတွေရဲ့ ပမာဏနဲ့ ညီမျှတဲ့ USD ကို N-Wallet မှာ လှဲလှယ်လို့ရတယ်။ Currency Exchange လုပ်လို့ရတယ် ။ ပြီးရင် အဲဒီ N-wallet ကနေပြီးတော့ ငွေလွှဲတာတွေ ငွေလက်ခံတာတွေ အဲဒါတွေအကုန်လုံး လုပ်လို့ရပါတယ်။ “ လို့လည်း တာဝန်ရှိသူက ရှင်းပြပါတယ်။

အဲဒီ Application ကို လာမယ့် ဇူလိုင်လကနေ စတင် အသုံးပြုလို့ရမှာဖြစ်ပြီး ဘာသာစကားတွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ မြန်မာ ၊ အင်္ဂလိပ် ၊ ဂျိန်းဖော့ ၊ ချင်း ၊ ရှမ်း နဲ့ တရုတ် ဘာသာစကား နဲ့ အသုံးပြုလို့ရပြီဖြစ်ပေမယ့် တိုင်းရင်းသားဘာသားစကားတွေအားလုံး အသုံးပြုလို့ရအောင် နောက်ပိုင်းမှာ ထပ်ဖြည့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၁ ရက်နေ့တွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်/ Photo : Daka Tribune
March 19, 2024
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
March 19, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ် ၁၁...