ညောင်လေးပင်ခရိုင်တွင် နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်နေ

ညောင်လေးပင်ခရိုင်တွင် နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်နေ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က တပ်အင်အား ပိုမိုဖြည့်တင်းလာသည့်အတွက် ဇွန်လအတွင်းတွင် KNU နှင့် စစ်ကောင်စီတပ်တို့အကြား နေ့တိုင်း နီးပါး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းသို့ တပ်အင်အား ပိုမို ဖြည့်တင်းလာသည့် အတွက် ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု ညောင် လေးပင်ခရိုင် ကရင်လူ မှု့ရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“အခုကျနော်တို့ ဒီဖက်ဒေသ ဒီညောင်လေးပင်ခရိုင် မုန်း၊ ကျောက်ကြီး ဒီဖက်ခြမ်းတွေမှာတော့ စစ်ရေးတင်း မာ မှုတွေတော့ ပိုများလာတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ စစ်အင်အား တိုးချဲ့မှု အပေါ်မှာတော့ နေ့စဉ်နဲ့အမျှ ပိုများ လာတဲ့ အခါကျတော့ ဒီဇွန်လထဲမှာတော့ ပိုပြီးတော့ တိုက်ပွဲပြင်းထန်မှုတွေတော့ ဒီဖက်အခြမ်းမှာ ခဏခဏ ဖြစ်တယ်ပေါ့။ နေတိုင်း လိုလိုတော့ ဒီလက်နက်ကြီးသံတွေ နှစ်ဖက် ပစ်ခတ်မှုတွေ ထိတွေ့ ပစ်ခတ်မှုတွေ ဒါတွေ တော့ ရှိတာပဲ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့် ပတ်သက်၍ အဆိုပါ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံများက ပြော သည်။

“ဒီဖက်ကျောက်ကြီးဖက် အခြမ်းမှာဆိုရင် ဟိုးအရင်ဖြစ်တဲ့နေရာတွေပဲ ဖြစ်နေကျ အဲဒီနေရာတွေက ပိုပြီးတော့ နေ့တိုင်းလိုလိုဖြစ်တယ်။ အင်းနက်တို့၊ ငါးဗျက်အင်းတို့ မြေနီကုန်းတို့ အဲနေရာ ဒေသတစ်ဝှိုက်တော့ တော်တော် များများ ဖြစ်ကြတာပေါ့။ မုန်းဖက်ကျတော့ လောလောဆယ် အနေအထားတော့ ဒီဖက် မုန်းမြို့နယ် ရန်မျိုး အောင် ကျေးရွာထဲမှာ လက်နက်ကြီးတွေ ထုချပြီးတော့ အဲမှာ ကျေးရွာ ၂ ရွာ ၃ ရွာ ထွက်ပြေးတိမ်း ရှောင်နေရ တာ အဲဒီ တစ်ကြိမ်ပါပဲ ဒါပေမယ့် ကျောက်ကြီးဖက် အခြမ်းတော့ နေ့တိုင်းလိုလို တိုက်ပွဲကတော့ ဒီဇွန်လ အတွင်းမှာပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်လေးပင် ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်စွာ ဖြစ်ပွားလာသည့်ဟု ဆိုသည်။ ထိုစစ်ရေးပဋိပက္ခအတွင်းရှိ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ တိမ်း ရှောင်နေကြရပြီး စားဝတ်နေရေးအပြင် အခြားသော အခက်အခဲ အမျိုးမျိုးနှင်ပါ ကြုံတွေ့နေရသည်ဟု ဒေသခံ များ က ပြောသည်။

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့်နည်းတူ အခြားသော KNU လက်အောက်ခံ တပ်မဟာအသီးသီးတွင်လည်း စစ်ကောင်စီတပ်ဘက်က အင်အား ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများ နေ့တိုင်းဆိုသလို ဖြစ်ပွားနေသည် ။

လက်ရှိအနေအထားအရ စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းမှုများနှင့်အတူ စစ်ရေး အရှိန်ပါ မြှင့်လာ သည့်အတွက် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် အတွင်းတွင် တိုက်ပွဲများမှာ ယခုထက် ပိုမိုပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားလာမည့် အလားအလာကို တွေ့ရသည်ဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာအဖွဲ့ က ပြောသည်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့  တာဝန်ရှိသူတစ်ဦး က “ကျနော်တို့ ဒီဘက်အခြမ်းမှာ အခုနောက် ပိုင်း ဒီ ၂၅၊ ၂၆၊ ၂၇ အဲ့လို နေ့တိုင်းလိုလို တိုက်ပွဲတွေ နည်းနည်းပြင်းထန်လာတဲ့ အနေအထား ရှိတဲ့ အခါကျတော့ စစ်အင်အားတွေ ထပ်ထပ်တိုးလာတဲ့ ဒီဖက်မုန်းဖက်ကနေ ကျောက်ကြီး ဖက်ကိုလာတဲ့ စစ်အင်အား တိုးချဲ့တာ တွေလည်း ရှိသလို ကွမ်းခြံကုန်းဖက်ကနေပြီးတော့ ဒီဖက်အခြမ်းကို ဒီဖက် နတ်သံကွင်းကနေ ကျောက်ကြီး ဘက်ကို တက်လာတဲ့ အခြမ်း စစ်အင်အားတိုးချဲ့မှုတွေလည်း ရှိလာတဲ့ အခါကျတော့ ပုံစံအရ သုံးသပ်ကြည့် လိုက်တဲ့ အခါ လုံးဝပဲ သူတို့လျှော့မှာ မဟုတ်ဘူးတဲ့ အနေအထားပေါ့နော်။ ဒီဖက်ဒေသကို သူတို့ လျှော့ပြီးတော့ စစ်ရေးက ပိုပြီးတော့ လျှော့သွားမယ့် အနေအထား မရှိပဲနဲ့ ပိုပြီးမှ တင်းမာလာဖို့ အနေအထားရှိတယ်” ဟု ပြော သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ပြည်နယ်များတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့အကြား  စစ် ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ပြင်းထန်စွာဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲများမှာ တိုင်းရင်းသား ပြည်နယ်များတွင်သာမက တိုင်းဒေသကြီးများတွင်ပါ အာဏာသိမ်းမှုကို ဆန့်ကျင် သည့် လှုပ်ရှားမှုမှ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလာသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...