ရှစ်လေးလုံးနေ့အထိမ်းအမှတ် အခမ်းအနား ရခိုင်၈၈မျိုးဆက်များမှ စစ်တွေတွင်ကျင်းပ

ရှစ်လေးလုံးနေ့အထိမ်းအမှတ် အခမ်းအနား ရခိုင်၈၈မျိုးဆက်များမှ စစ်တွေတွင်ကျင်းပ
by -
နိရဥ္စရာ
သြဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် (၂၉) နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည်။

နံနက် ၆ နာရီခွဲတွင် စစ်တွေမြို့ ဂြစ်ဖက်ကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းတော် ၁၁ ပါးအား မုန့်ဟင်းခါး ဆပ်ကပ်လှူဒါန်းပြီး ရှစ်လေးလုံးလေး အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများအားရည်စူး၍ ၀ါဆိုသင်္ကန်းကပ်ကာ ဆုတောင်းမေတ္တာပို့ အမျှအတန်းများ ပေးဝေခဲ့ကြသည်။

ရှစ်လေးလုံးနေ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းမှ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ယင်းအရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ကြရသူများကို မေ့ပျောက်မသွားကြစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ အနှစ်ချုပ်ကို ပြောမယ်ဆိုရင် တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီရရှိရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ သမိုင်းဝင် လူထုတော်လှန်ရေးကြီး တစ်ရပ်ဖြစ်တယ်။ အဲဒီနေ့မှာ ရဟန်းရှင်လူ ပြည်သူတွေ အများအပြား ကျဆုံးခဲ့ကြရတယ်။ ဒါ့ပြင် ထောင်ထဲမှာလည်း မြန်မာ့ဒီမိုကရေစီရေး အတွက် ကြိုးစားရင်း အသက် ဘဝတွေကို ပေးဆပ်သွားခဲ့ကြရသူတွေရှိတယ်။ ဒါတွေကို မေ့ပျောက်မသွားဖို့နဲ့ အစဉ်အမြဲ သတိရစေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်သိန်းမှ နိရဥ္စရာသတင်းဌာနသို့ပြောကြားသည်။

(၂၉) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနှင့် ပတ်သက်ပြီး ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ ကြေညာချက်တစ်စောင် ကိုလည်း ထုတ်ပြန်ထားသည်။

၎င်းကြေညာချက်ထဲတွင် ၂၀၀၈ အခြေခံ ဥပဒေဖွဲ့စည်းပုံကို ပြည်သူလူထုတစ်ရပ်လုံး လက်ခံနိုင်လောက်သော ဥပဒေဖြစ်လာရန် အစိုးရမှ ဦးဆောင်တာဝန်ယူဆောင်ရွက်ရန်၊ တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံပါ၀င်သော ငြိမ်းချမ်းရေးညီလာခံနှင့် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်၊ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေကြသော တိုင်းရင်းသား မဟုတ်သည့် နယ်ချဲ့အကြမ်းဖက်သမားများ၏ ဘေးရန်ကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော် ကာကွယ်ပေးရန်၊ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ဆူပူအကြမ်းဖက်မူများကြောင့် နိုင်ငံတော်၏ အချုပ်အချာအာဏာ မကျဆုံးစေရေး အတွက် စနစ်တကျစီစဉ် ကာကွယ်ပေးရန် အချက် ၄ချက်ကို အစိုးရအား တောင်းဆိုထားသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...