၈၈၈၈ အရေးတော်ပုံနေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးပို့တောင်းဆို

၈၈၈၈ အရေးတော်ပုံနေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးပို့တောင်းဆို
by -
မဇ္ဈိမ
၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ်  သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ထံ စာပေးပို့တောင်းဆိုထားကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းကြည်ကပြောသည်။

"သောကြာနေ့ ၄ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ နိုင်ငံတော်သမ္မတကြီးရယ် မင်္ဂလာတောင်ညွှန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဆီ ပို့ပြီးပြီး ဆက်လက်ပြီးတော့လည်း ကမ်ပိန်းအနေနဲ့ထောက်ခံလက်မှတ်တွေ ကောက်ခံသွားမယ်" ဟု ၎င်းကပြောဆိုသည်။

၈၈ အရေးအခင်း (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းပြည်အတွက် ထောင်ကျ အနစ်အနာခံကြရသည့် သူများကို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာ့ဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ဖို့ အစိုးရကိုတောင်းဆိုရခြင်းဖြစ်ကြောင်း ဦးထွန်းကြည်ကဆက်လက်ပြောသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အပြင် လွှတ်တော်အသီသီးတွင် တိုက်တွန်းကြောင်း အဆိုတင်သွင်းရန်လည်း တောင်းဆိုထားသည်ဟုဆိုသည်။

အဆိုပါပွဲကို တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်း ၈၈၈၈ နှစ်ပတ်လည်နေ့ကို နိုင်ငံတော်အခမ်းအနားဖြင့် အစိုးရမှ ပြုလုပ်ပေးသင့်သည်ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

"နိုင်ငံတော်ရဲ့တရားဝင်ရုံးပိတ်ရက်အနေနဲ့သတ်မှတ်ပြီးတော့ နိုင်ငံတစ်ဝှမ်းလုံးမှာ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဂုဏ်ပြုကြဖို့လိုတယ်ပေါ့။ ဒီလိုအခွင့်အရေးက ဒီမိုကရေစီအစိုးရ အာဏာရနေတဲ့ အချိန်မှာမှ မလုပ်လို့ရှိရင် နောင်တစ်ချိန် သမိုင်းမှာအခွင့်အရေးပြန်ရဖို့အရမ်းခဲယဉ်းမယ်" ဟု ၎င်းကပြောသည်။

၈၈၈၈ နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့အတွက်ကို ၂၀၁၆ ခုနှစ်ကလည်း ၈၈တွင်ပါဝင်ခဲ့သူများ၊ ကျောင်းသားများနှင့် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူအချို့ကတောင်းဆိုခဲ့ဖူးသည်။

ယနေ့ သြဂုတ်လ ၈ ရက်တွင်ကျရောက်သည့် ၈၈၈၈ (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပွဲများကို မြန်မာနိုင်ငံအရပ်ရပ်တွင် ကျင်းပ ပြုလုပ်နေသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...